အခြေခံစာရင်းပညာ နားလည်တတ်ကျွမ်းပြီး မှားယွင်းမှု၊ လေလွင့်ဆုံးရှုံးမှုများ မရှိစေရန်နှင့် ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်

 

နေပြည်တော် ဒီဇင်ဘာ ၁


ပြည်ထောင်စု    စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်   သင်တန်းကျောင်း တွင်  ဖွင့်လှစ်သည့် ‌အခြေခံစာရင်း ကိုင်နှင့်     ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်  -  ၂၃၄ ဖွင့်ပွဲ အခမ်းအနားကို      ယနေ့မွန်းလွဲ ၂    နာရီတွင်   နေပြည်တော်ရှိ ပြည်ထောင်စု    စာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။

 


သင်တန်းဖွင့်ပွဲ   အခမ်းအနား တွင်  ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက       ယခုအခြေခံစာရင်း ကိုင်နှင့်   ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းကို   အခြေခံစာရင်းပညာ နားလည်တတ်ကျွမ်းပြီး  မှားယွင်း မှု၊  လေလွင့်ဆုံးရှုံးမှုများ   မရှိစေ ရန်နှင့်     ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည်     ပြည့်ဝစွာဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန်    ရည်ရွယ် ဖွင့်လှစ်ရခြင်း        ဖြစ်ပါကြောင်း၊ သင်တန်းတွင် ပိုချမည့် ဘာသာရပ် များသည်  လက်တွေ့လုပ်ငန်းခွင် တွင်         အမှန်တကယ်လိုအပ် ပြီး      ဝန်ထမ်းတစ်ဦးအနေဖြင့် ကျွမ်းကျင်တတ်မြောက်ထားရမည့် အခြေခံပညာရပ်များ          ဖြစ်ပါ ကြောင်း၊    သို့ပါ၍   သင်တန်းမှ ပို့ချမှုများကို             အလေးထား လေ့လာဆည်းပူး၍  နိုင်ငံနှင့်ဌာန အတွက်  အားထားရသည့်  အရည် အချင်းပြည့်ဝသည့်     ဝန်ထမ်း ကောင်းများ  ဖြစ်စေရေး ကြိုးစား ကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။

 


ထို့နောက်    ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း  ကျောင်းအုပ်က သင်တန်းဆိုင်ရာ  အချက်အလက် များကို ရှင်းလင်းပြောကြားသည်။

 


ယခုသင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာန၊    လယ်ယာမြေ   စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၏ဝန်ထမ်းများ       တက်ရောက် နိုင်ရေးအတွက်   အထူးအစီအစဉ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ      ဗဟိုမြေ စာရင်းဖွံ့ဖြိုးမှု      လေ့ကျင့်ပညာ ပေးရေး            သင်တန်းကျောင်း၊ နေပြည်တော်   သင်တန်းကျောင်း နှင့်တစ်ပြိုင်တည်း       ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။

 


အဆိုပါ           သင်တန်းကို စာသင်ခန်းတက်ရောက်(Face To Face)   ဖြင့်    နိုဝင်ဘာ ၂၈ ရက်မှ စ၍ နှစ်လကြာ ဖွင့်လှစ်သင်ကြား မည်ဖြစ်ပြီး        နေပြည်တော်ရှိ ပြည်ထောင်စု      စာရင်းစစ်ချုပ် ရုံး         သင်တန်းကျောင်းတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ  သင်တန်းသား ၁၈၀ နှင့်   ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ        ဗဟိုမြေ စာရင်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေး ရေးသင်တန်းကျောင်းတွင်  ၁၄၀၊ စုစုပေါင်းသင်တန်းသား    ၃၂၀  တက်ရောက်မည်        ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်