(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ အောင်မြင်စွာကျင်းပပြီးစီး

 

နေပြည်တော်   ဒီဇင်ဘာ   ၁


၂၀၂၃ ခုနှစ်        (၇၅) နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်     ပဒေသာကပွဲ (ဆဋ္ဌမနေ့) ကို         ယနေ့ညနေပိုင်းတွင်  နေပြည်တော်    မြို့တော်ခန်းမရှိ   လဟာပြင်ကဇာတ်ရုံ၌   စည်ကား သိုက်မြိုက်စွာ   ဆက်လက်ကျင်းပ ရာ   ဝန်ထမ်းမိသားစုများ၊  တပ်မ တော်သားမိသားစုများ၊    ပြည်သူ များနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြည့်ရှု အားပေး ကြသည်။

 


ပဒေသာ            ကပွဲတွင် ဦးနန်းညွန့်ဆွေ       (မန္တလေး) ဇာတ်ညွှန်းရေးဖွဲ့ပြီး      ဖြစ်ရပ်မှန် သမိုင်းကို     အခြေပြုတင်ဆက် ထားသည့်  “အသက်ထက်မြတ် သော ဂုဏ်သိက္ခာ”  ပြဇာတ်ကြီး၌ ပါဝင်သည့်  ဘုရားကန်တော့ခန်း၊ ဇတ်တော်ကြီးသမားစဉ်  အပျို တော်ထွက်ခန်း၊  နှစ်ပါးသွားခန်း၊ ဘုရင့်နောင်      မင်းတရားကြီး ထွက်တော်မူကြီးနှင့် ဓာတုကလျာ ဖွားမြင်ခန်း၊      ဝန်မင်းနှစ်ပါး ဇာတ်ပန္နက်ရိုက်      ပြည်တည်ခန်း၊ မင်းရဲနန္ဒမိတ်      ညီလာခံခန်း၊ နတ်သျှင်နောင်     နောက်ကြောင်း ပြန်ခန်း၊        နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ      တွေ့ဆုံခန်း၊ နတ်သျှင်နောင်      ကိုယ်လုံပညာ လေ့ကျင့်ခန်း၊    နတ်သျှင်နောင်မှ ရာဇဓာတုကလျာအား  ချစ်ခွင့်ပန် ခန်း၊    နတ်သျှင်နောင်နှင့်    ရာဇ ဓာတုကလျာ      လက်ထပ်မည့် အကြောင်းအား ပြည်သူ၊ ပြည်သား များ  ပြောဆိုခန်း၊   နတ်သျှင်နောင် နှင့်  ရာဇဓာတုကလျာ  လက်ထပ် ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတု ကလျာ   သစ္စာတိုင်ခန်းနှင့်     ခွဲခွာ ခန်း၊   နတ်သျှင်နောင်မှ  အယုဒ္ဓယ တပ်များကို          တိုက်ခိုက်ရန် ပြင်ဆင်ခန်း၊        နတ်သျှင်နောင် နောက်ကြောင်းပြန်    ဇာတ်လမ်း နိဂုံးချုပ်ခန်း၊  ငဇင်ကာအမြောက် လက်နက်ပြုလုပ်ခန်း၊     ငဇင်ကာ နှင့်   အပေါင်းအပါများ   အစည်း အဝေးပြုလုပ်ခန်း၊  နတ်သျှင်နောင် နှင့်  ငဇင်ကာတွေ့ဆုံခန်း၊ မင်းရဲ နန္ဒမိတ်မှ တပ်မှူး၊ ဗိုလ်မှူးများနှင့် တိုင်ပင်ခန်း၊      မင်းရဲနန္ဒမိတ်မှ သန်လျင်သို့  စစ်ချီခန်း၊ ပေါ်တူဂီ တပ်နှင့်   အပေါင်းအပါတောင်ငူ တပ်များအား  အင်းဝတပ်များက တိုက်ခိုက်ခန်း၊      မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရေး ဥမင်လိုဏ်ခေါင်း        ပြုလုပ်ရန် အမိန့်ပေးခန်း၊    အင်းဝတပ်များ သန်လျင်မြို့အား  သိမ်းပိုက်နိုင်ရန် ဥမင်လိုဏ်ခေါင်း  ပြုလုပ်ခန်းနှင့် သန်လျင်မြို့ရိုး    ကျိုးပေါက်ခန်း၊ မင်းရဲနန္ဒမိတ်မှ       ငဇင်ကာနှင့် နတ်သျှင်နောင်အား   ဖတ်ဆီးခန်း၊ ငဇင်ကာအား       စစ်မေးခန်း၊ နတ်သျှင်နောင်အား     တရားနှင့် အညီ စီရင်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာအား    ကွပ်မျက်ခန်းနှင့် ဇာတ်သိမ်းခန်းတို့ကို သာသနာရေး နှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ   အရာထမ်း၊ အမှုထမ်းများနှင့်     အနုပညာရှင် များက   ဆို၊  ငို၊   ပြော  ပညာရပ် များနှင့် ပေါင်းစပ်၍ အနုပညာရသ မြောက်စွာ  ကပြဖျော်ဖြေတင်ဆက် ကြသည်။ 

 


(၇၅)နှစ်မြောက်      စိန်ရတု လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ပဒေသာကပွဲကို      ပြည်သူများ စိတ်ကြည်နူး  ချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏   အငွေ့အသက် များ      ခံစားနားလည်နိုင်စေရန် အတွက်   နိုင်ငံတော်အဆင့်အခမ်း အနားအဖြစ်  စည်ကားသိုက်မြိုက် စွာ   ကျင်းပခဲ့ခြင်းဖြစ်ပြီး  ကိုဗစ်- ၁၉  ကပ်ရောဂါကြောင့်  မွန်းကျပ် နေသည့်ပြည်သူများကို  ဖျော်ဖြေမှု ပေးနိုင်ရန်     ပထမဆုံးအကြိမ် ကျင်းပသည့်      အကြီးကျယ်ဆုံး ပဒေသာကပွဲကြီးလည်း ဖြစ်သည်။

 


ယခုကျင်းပခဲ့သည့်  ပဒေသာ ကပွဲတွင်   ရုပ်ရှင်၊   သဘင်၊   ဂီတ နယ်ပယ်အသီးသီးမှ  အနုပညာရှင် များက နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိလည်းကောင်း၊  ပြည်သူ့ ဆက်ဆံရေးနှင့်          စိတ်ဓာတ် စစ်ဆင်ရေး       ညွှန်ကြားရေးမှူး ရုံးအောက်ရှိ  အနုပညာရှင်များက နိုဝင်ဘာ   ၂၉  ရက်တွင်      လည်း ကောင်း၊             သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ       အနု ပညာရှင်များက   နိုဝင်ဘာ     ၃၀ ရက်နှင့်      ဒီဇင်ဘာ   ၁   ရက်တွင် လည်းကောင်း    နေပြည်တော် မြို့တော်ခန်းမရှိ      လဟာပြင် ကဇာတ်ရုံ၌   မြိုင်ဆိုင်စွာ    ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ 

 


ယနေ့    ဖျော်ဖြေတင်ဆက် သည့် “အသက်ထက် မြတ်သော ဂုဏ်သိက္ခာ” ဇာတ်ကြီးကို ၂၀၂၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ  အမျိုးသား ကဇာတ်ရုံကြီး၌    အများပြည်သူ များကို      ဆက်လက်ဖျော်ဖြေ တင်ဆက်သွားမည်        ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်