စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ ကွပ်ကဲမှုအောက်တွင်ရှိသည့် တပ်မတော်စက်ရုံများအနေဖြင့် ပြည်ပနိုင်ငံထုတ် စစ်ဝတ်တန်ဆာပလာများအပေါ် အမှီအခိုကင်းပြီး မိမိတပ်မတော်၏ ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သော အရည်အသွေးမြင့် စစ်လက်နက်ပစ္စည်းများဖြင့် တပ်မတော်တစ်ရပ်လုံး၏ လိုအပ်

 

နေပြည်တော်   ဒီဇင်ဘာ   ၁


(၇၅)  နှစ်မြောက်  စိန်ရတု စစ်လက်နက်ပစ္စည်း  တပ်ဖွဲ့နေ့  အခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ စစ်ကြောရေး နှင့်  တည်းခိုရေးစခန်းရှိ  ဆင်ဖြူ ရှင်ခန်းမ၌     ကျင်းပပြုလုပ်ရာ   နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော်  ကာကွယ်ရေးဦးစီး ချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

 


အဆိုပါ   (၇၅)  နှစ်မြောက် စိန်ရတု    စစ်လက်နက်ပစ္စည်း တပ်ဖွဲ့နေ့  အခမ်းအနားသို့  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်  (ကြည်း) နှင့်အတူ   နိုင်ငံတော်       စီမံအုပ်ချုပ်ရေး   ကောင်စီအတွင်းရေးမှူး၊  နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊     နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊ အငြိမ်းစား စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင် အရာရှိကြီးများနှင့်       ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ဦးစွာ    ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်လက်နက်ပစ္စည်း  ညွှန်ကြားရေးမှူး  ဗိုလ်ချုပ် ဝင်းလွင်နှင့်  တိုင်းမှူး   ဗိုလ်ချုပ်  ဇော်ဟိန်းတို့က (၇၅)နှစ်မြောက်    စိန်ရတု   စစ်လက်နက်ပစ္စည်း တပ်ဖွဲ့နေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။   ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့ နေ့  ဆိုင်းဘုတ်ကို  စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ     စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၇၅)  နှစ်မြောက်    စိန်ရတု  စစ်လက်နက်ပစ္စည်း တပ်ဖွဲ့နေ့    အထိမ်းအမှတ်   ဂုဏ်ပြုအမှာစကား ပြောကြားရာ   ယနေ့သည်  မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကာလတွင်   မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့်   အချိန်ကပင်  တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည့် စစ်လက်နက် ပစ္စည်းတပ်ဖွဲ့၏    ၇၅    နှစ်ပြည့်မြောက်သော အခါသမယပင်ဖြစ်ကြောင်း။

 


တပ်မတော်စတင်တည်ထောင်ချိန်မှ    ယနေ့ ကာလအထိ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန် များအပေါ်     စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့် “တိုက်ပွဲအတွက်     စစ်လက်နက်၊   အောင်ပွဲရှေးရှု ထောက်ကူပြု”ဆိုသည့်      ဆောင်ပုဒ်နှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  အကောင်းဆုံးကျေပွန် အောင်  စွမ်းဆောင်ခဲ့ကြသည့်အတွက်  ဝမ်းမြောက် ဂုဏ်ယူမိကြောင်း။

 


စစ်လက်နက်ပစ္စည်းတပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက   လွတ်လပ်ရေးအကြို ကာလတွင်     အရေးအပါဆုံးအချိန်ဖြစ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊   ဗမာ့တပ်မတော်စစ်လက်နက် ပစ္စည်းတပ်  (Burma Army Ordnance Depot-B.A.O.D)အဖြစ် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကို “ စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း။

 


တဖြည်းဖြည်းတိုးတက်လာ


လွတ်လပ်ရေးရပြီးစအချိန်တွင်   စစ်လက်နက် ပစ္စည်းတပ်ဖွဲ့အနေဖြင့် ဝေဟင်မှ ခဲယမ်းမီးကျောက် များ ထောက်ပံ့ရေးလုပ်ငန်းများကို တီထွင်စမ်းသပ် နိုင်ခဲ့ပြီး  ၁၉၄၉ ခုနှစ် သောင်းကျန်းသူ နှိမ်နင်းရေး တိုက်ပွဲများတွင်   အောင်မြင်မှုများ  ရရှိခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊  ယင်းအချိန်ကစပြီး  လေယာဉ် ဖြင့် ခဲယမ်းများ ထောက်ပံ့ခြင်းလုပ်ငန်း တဖြည်းဖြည်း တိုးတက်လာခဲ့ရာ   ယနေ့အချိန်အထိတိုင်ပင်ဖြစ်ကြောင်း။

 


သမိုင်း၌ ထင်ရှားစွာတွေ့ရမည်


ခေတ်ကာလအဆက်ဆက်   စစ်ရေး၊  စစ်ရာ ကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် ယနေ့ကာလ အထိတိုင် လက်နက်စွမ်းရည်နှင့် အုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်သည့် အစုအဖွဲ့များသည် နယ်ပယ်အလိုက် အောင်မြင်မှုရရှိခဲ့ကြသည်ကို      တွေ့ရှိကြရမည် ဖြစ်ကြောင်း၊   စစ်ပွဲအယူအဆများနှင့်   သဘော တရားရေးရာများ    မည်သို့ပင်   ပြောင်းလဲစေကာမှု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့၏ အရေးပါမှု အခန်းကဏ္ဍ သည်   ပြောင်းလဲခြင်းမရှိသည်ကို   တွေ့ရှိရမည် ဖြစ်ကြောင်း၊   ထို့ကြောင့်   သေနင်္ဂဗျူဟာပျို့တွင် “မြစ်တွင်းကြီးခေါင်၊ ရွက်ဆောင်မချို့၊ တို့တွင်မြို့က၊ သယ်ပို့လှောင်ထား၊   ဆန်စပါးနှင့်   သောက်စား ဘွယ်ဘွယ်၊   အသွယ်သွယ်ဖြင့်၊   ကြီးငယ်မျှစေ၊ စစ်ပျိုစေရှင့်” ဟု ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ကမ္ဘာ့စစ်ပွဲများကို        လေ့လာကြည့်မည်ဆိုလျှင် အုပ်ချုပ်ထောက်ပံ့မှုကောင်းမွန်ပြီး    တိုက်ပွဲဝင် စိတ်ဓာတ် မြှင့်တင်ပေးနိုင်သည့် တပ်မတော်များ ကသာ တိုက်ပွဲအောင်မြင်ခြင်းဆိုသည့် သော့ချက်ကို  သမိုင်း၌  ထင်ရှားစွာတွေ့ရမည်ဖြစ်ကြောင်း။

 


စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့်   စတင် တည်ထောင်ချိန်မှ     ယနေ့ကာလတိုင်အောင် လူအင်အား၊ တပ်အင်အား၊ ဖွဲ့စည်းပုံမျိုးစုံ၊  အမည် နာမမျိုးစုံ ပြောင်းလဲခဲ့သော်လည်း တပ်ဖွဲ့၏ အနှစ် သာရဖြစ်သော “ပစ္စည်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ အရည်အသွေးမှန် ထိန်းသိမ်းထုတ်ပေးရန် ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်လျက်ရှိကြကြောင်း။

 


စစ်လက်နက်ပစ္စည်း  တပ်ဖွဲ့ဝင်များအနေဖြင့် မူလတာဝန်များကိုသာမက တပ်မတော်၏ အဓိက လုပ်ငန်းကြီးသုံးခုတွင် ပါဝင်သည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့်   ပတ်သက်ပြီး  ၂၀၀၈  ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းအပြင် ယင်းနောက်ပိုင်း ဖြစ်ပွားခဲ့သည့် အခြားသော သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး      လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ   ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

 


စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များ၏     ပညာ ရပ်ပိုင်းဆိုင်ရာများကို    နိုင်ငံတကာနှင့်    ရင်ပေါင် တန်းနိုင်ရေး၊   ခေတ်မီခဲယမ်းမီးကျောက်များနှင့်  စစ်လက်နက်ပစ္စည်းများကို   ပြုပြင်ထိန်းသိမ်းနိုင်ရေး အတွက် ပြည်ပနိုင်ငံများသို့လည်း ပညာတော်သင်များ စေလွှတ်ပေးပြီး   သင်ယူခဲ့သည့်  ပညာရပ်များကို မိမိတို့၌ရှိပြီး      ပညာရပ်များနှင့်      ပေါင်းစပ်ပြီး စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များနှင့်   တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များက အရာရှိ/စစ်သည်များကိုလည်း       သိရှိနားလည်အောင် သင်ကြားလေ့ကျင့်ခြင်းများ   ဆောင်ရွက်ပေးလျက် ရှိသည်ကို တွေ့ရှိရကြောင်း။    

 


စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိ


စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့် တိုက်ပွဲဝင် စစ်သည်များအတွက် လက်နက်/ခဲယမ်းများ သယ်ယူ ထောက်ပံ့ပို့ဆောင်ပေးရသည့် လုပ်ငန်းများအပြင် တပ်မတော်သားများအတွက် လိုအပ်သည့် စစ်ဝတ် တန်ဆာပလာပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်း များနှင့် ပြည်သူလူထုအတွက် လိုအပ်သည့် ဈေးကွက် ဝင်ပစ္စည်းများကိုပါ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးအတွက်    စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိကြောင်း။

 


စစ်လက်နက်ပစ္စည်းတပ်ဖွဲ့   ကွပ်ကဲမှုအောက် တွင်ရှိသည့် တပ်မတော်စက်ရုံများအနေဖြင့် ပြည်ပ နိုင်ငံထုတ်     စစ်ဝတ်တန်ဆာပလာများအပေါ် အမှီအခိုကင်းပြီး မိမိတပ်မတော်၏ ပြည်တွင်းစက်ရုံ များတွင်    ထုတ်လုပ်သော   အရည်အသွေးမြင့် စစ်လက်နက်ပစ္စည်းများဖြင့် တပ်မတော်တစ်ရပ်လုံး ၏ လိုအပ်ချက်များကို ပြည့်ဝစွာ ဖြည့်ဆည်းပေးလျက် ရှိကြောင်း၊ ပိုလျှံစက်စွမ်းအားများဖြင့် ပြည်သူလူထု ကို အထောက်အကူပြုသည့် ဈေးကွက်ဝင် လူသုံးကုန် ပစ္စည်းများကို ဈေးနှုန်းမှန်၊ ကုန်ပစ္စည်းမှန်၊ အရည် အသွေးမှန်ကန်စွာဖြင့်   သက်သာစွာ  ထုတ်လုပ် ရောင်းချပေးလျက်ရှိကြောင်း။

 


ထိုသို့ ပြည်တွင်းစက်ရုံများ၏ ထုတ်လုပ်ရောင်းချ ပေးခြင်းအားဖြင့် နိုင်ငံတော်၏ သွင်းကုန်အစားထိုး ရေး၊   ကုန်ထုတ်စွမ်းအား   တိုးတက်မြင့်မားရေး၊ တစ်နည်းအားဖြင့် Importer မှ Exporter သို့ ဦးတည် ချက်နှင့်အညီ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက် မပြတ် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။   

 

 
ဂုဏ်ယူအသိအမှတ်ပြု


(၇၅)နှစ်တာကာလအတွင်း စစ်လက်နက်ပစ္စည်း တပ်ဖွဲ့ဝင်များအနေဖြင့် ပေးအပ်သည့် ရည်မှန်းချက် တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် အတွက် ဇေယျကျော်ထင်ဘွဲ့ရရှိသူ သုံးဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိ သူ  လေးဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၃၃ ဦး၊ စီမံထူးချွန် တံဆိပ်(ဒုတိယဆင့်)ရရှိသူ နှစ်ဦး၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်)ရရှိသူ တစ်ဦး၊ စက်မှုစီးပွား (တတိယ ဆင့်)ရရှိသူ တစ်ဦး ရရှိခဲ့ကြသည်ကို တွေ့ရှိရသည့် အတွက် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း။

 


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်း ကာလအတွင်း တပ်မတော်၏ဦးဆောင်မှု အခန်းကဏ္ဍ အောက်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည့် စစ်လက်နက်ပစ္စည်းတပ်သည် ယနေ့တွင်  ပင်စည် ကြီးကြီးမားမားဖြင့်  အကိုင်းအခက်များ  ဝေဆာနေ သည့်     တပ်ဖွဲ့တစ်ခုအဖြစ်   ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊  စစ်လက်နက်ပစ္စည်း တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များသည်    နိုင်ငံတော်နှင့်  တပ်မတော်က ပေးအပ်လာသည့် တာဝန်များအပေါ် ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့ကြသည်မှာ   (၇၅) နှစ်တာခရီးက  သက်သေပြခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်  စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များ အနေဖြင့်        ယင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်း    တာဝန်ယူထိန်းသိမ်းသွားကြပြီး အနာဂတ်တပ်မတော်နှင့်   စစ်လက်နက်ပစ္စည်း တပ်ဖွဲ့ဝင်များကို အဖိုးတန်အမွေဖြစ် ပေးအပ်သွား ကြရန်နှင့် ချမှတ်ထားသည့် မိမိတို့၏ ကြွေးကြော်သံ၊ ဆောင်ပုဒ်များအတိုင်း ကျရာတာဝန်များကို ကျေပွန် အောင် ဆက်လက်ထမ်းဆောင်နိုင်ကြရန် တိုက်တွန်း ပါကြောင်းနှင့် ယခုကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုတပ်ဖွဲ့နေ့မှသည် နောင်လာမည့်ရတုများစွာ တိုင် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ အဓွန့်ရှည်တည်တံ့ နိုင်ပါစေကြောင်း     ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း ပြောကြားသည်။ 

 


ဖျော်ဖြေတင်ဆက်


ယင်းနောက် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး   ဗိုလ်ချုပ်  ဝင်းလွင်က  စစ်လက်နက်ပစ္စည်း တပ်ဖွဲ့သမိုင်းအကျဉ်းချုပ်ကို  ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့ နေ့ အထိမ်းအမှတ်မှတ်တမ်း Documentary Video ကို ပြသသည်။ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့  ဂုဏ်ပြုသီချင်းဖြင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များက     ဖျော်ဖြေ တင်ဆက်သည်။ 

 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးက (၇၅)နှစ် မြောက်    စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အထိမ်းအမှတ်  လက်ဆောင်ကို  ဂါရဝပြုပေးအပ် သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တက်ရောက်လာကြသည့် အငြိမ်းစား စစ်လက်နက် ပစ္စည်းတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး တက်ရောက်လာကြသူများနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့ နေ့ အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်