(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်  နိုဝင်ဘာ  ၃၀


(၇၅)  နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ပဒေသာကပွဲကို နေပြည်တော်၊  မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်က စတင်ကျင်းပခဲ့ရာ နိုဝင်ဘာ ၃ဝ ရက် ညတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ   ဖျော်ဖြေ တင်ဆက်ခဲ့သည့်    “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ပြဇာတ်ကြီးကို  ပရိသတ်များ၏ တောင်းဆိုချက်အရ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲမှ   ည  ၁၁ နာရီအတွင်း နေပြည်တော် မြို့တော်ခန်းမရှိ       လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။

 


အဆိုပါပဒေသာကပွဲ၏ ဖျော်ဖြေတင်ဆက်မှု များကို MRTV- HD ၊ MRTV Parliament Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ MRTV Web & App တို့မှလည်း  ညနေ ၆ နာရီခွဲမှ ည ၈ နာရီအထိနှင့် ည ၉ နာရီမှ ည ၁၁ နာရီအထိ နှစ်ချိန်ခွဲ၍ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသခြင်းကို တစ်ရက်တိုး၍ တင်ဆက် သွားမည်ဖြစ်သည်။                        

သတင်းစဉ်