ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပုဗ္ဗသီရိ  နိုဝင်ဘာ  ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သတ္တသတ္တာဟ (ပွင့်စေတီ)ဓမ္မာရုံ၌ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှ ကြီးမှူး၍ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့    ပုဗ္ဗသီရိမြို့နယ်   သံဃနာယကအဖွဲ့   ဥက္ကဋ္ဌ၊ ရွှေလွှမ်းတောင်ကျောင်းပဓာနနာယက၊ ဘဒ္ဒန္တဥတ္တမနှင့် ပင့်သံဃာ တော်များ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာ ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကာ ရွှေလွှမ်းတောင်ကျောင်းပဓာနနာယက၊ ဘဒ္ဒန္တဥတ္တမ မထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြ သည်။ ဆက်လက်၍   နေပြည်တော်ကောင်စီဝင်က   သာသနာရေး ဆိုင်ရာများ   လျှောက်ထားကာ    ဆရာတော်  သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊  ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ  အသီးသီး ကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက်  ဆရာတော် သံဃာတော်များက  ဦးဆောင်၍  ပရိသတ် အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြ သည်။   အဆိုပါ   ဒုတိယအကြိမ်မြောက်    အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ငါးရက် တိုင် အလှည့်ကျသံဃာတော် ၂၄ ပါးဖြင့်   ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
သားငယ်(ပုဗ္ဗ)