
နေပြည်တော် နိုဝင်ဘာ ၃၀
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတ ပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်နေ့မှစတင်ပြီး ပွဲစဉ်(၁၈)ပွဲဖြင့် အပတ်စဉ်သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရား မျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါတို့ကလည်းကောင်း၊ သရုပ်ဆောင်/တေး သံရှင်များ ဖြစ်ကြသည့် ဝေလျှံနှင့်သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများအဖြစ် လည်းကောင်း ဆက်လက် ဆောင်ရွက်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီ ဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာမှ ပြိုင်ပွဲ ၏ ဒုတိယအဆင့် (Level–2) တွင် ယှဉ်ပြိုင်ရန် ပြိုင်ပွဲ ဝင် ၁၀ ဦးအား ဦးစွာရွေးချယ်ခဲ့ပြီး ဆက်လက်ယှဉ်ပြိုင် ရန် ထပ်မံရွေးချယ်ခဲ့ရာ ပြိုင်ပွဲဝင် ခုနစ်ဦး ပေါ်ထွက် လာပြီဖြစ်၍ ဒီဇင်ဘာ ၂ ရက်နေ့ သောကြာနေ့ည တွင် ပွဲစဉ် (၁၄) အဖြစ် ပြဋ္ဌာန်းတေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) မှစ၍ အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ဖြင့် ပေးပို့မှု ၇၀ ရာခိုင် နှုန်း သတ်မှတ်ထားရှိရာ ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များဖြစ်ကြသော ချင်းပြည်နယ်မှ မြင့်မြတ် သူ (MFO2) ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပပအောင် (MFO3)၊ ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို (MFO5)၊ ကရင်ပြည်နယ်မှ ချိုသဲဦး (MFO6)၊ ကချင် ပြည်နယ်မှ လလဆွတ် (MFO7)၊ နေပြည်တော်မှ ပူတူး (MFO9) နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက် အောင် (MFO10) တို့အား SMS အကန့်အသတ်မရှိ ပေးပို့နိုင်မည်ဖြစ်ကြောင်းနှင့် ယင်းတို့၏ သီဆို ယှဉ်ပြိုင်ကြပုံများကို လာမည့် ဒီဇင်ဘာ ၂ ရက် သောကြာနေ့ည (၉) နာရီခန့်တွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၄ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့် တွင် ပြန်လည်ပြသမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်