“နိပါတ်တော်လာ ဇာတ်သဘင်မဟာ အစီအစဉ်” မှ “မဟောသဓာ သားတရားစီရင်ခန်း” ဇာတ်တော်ကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် နိုဝင်ဘာ ၃၀
မိဘပြည်သူများ  ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုဖြင့်  စိတ် အပန်းပြေစေရန်၊ လူငယ်လူရွယ် များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း    သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာ စွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့်   “နိပါတ် တော်လာ ဇာတ်သဘင် မဟာအစီ အစဉ်” ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့     ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသလျက်ရှိသည်။ 
အဆိုပါ အစီအစဉ်မှ “မဟော သဓာ    သားတရားစီရင်ခန်း” ဇာတ်တော်ကို  သဘင်ပညာရှင် ပတ္တမြားကေခိုင်စီစဉ်ပြီး     Art Director ဆန်းမင်း၏အနုပညာ ဖန်တီးမှု၊ ရွာစားဝါးခယ်မစိန်မုန့်လုံး၏တီးခတ်မှုနှင့်အတူ ဘွန်း၊ ဆန်းနေအောင်၊   ချက်ပေါက်၊ ချမ်းချမ်းမိုး၊ စန္ဒာလင်း၊ သဒ္ဒါသိမ့် တို့နှင့်အတူ  သဘင်ပညာရှင်များ၊ အနုပညာရှင်များက      ပါဝင် တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဒီဇင်ဘာ ၃ ရက်၊ စနေနေ့ ည ၉ နာရီခန့် တွင်  ပြသမည်ဖြစ်ပြီး ဒီဇင်ဘာ  ၇ ရက် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲ တွင်လည်း  ပြန်လည်ပြသမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်