
ပေကျင်း နိုဝင်ဘာ ၃၀
ရှင်ကျိုး-၁၅ အာကာသယာဉ်ပေါ် တွင် လိုက်ပါလာသော အာကာသ ယာဉ်မှူး သုံးဦးသည် တရုတ်နိုင်ငံ အာကာသစခန်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် အခြားအာကာသ ယာဉ်မှူး သုံးဦးနှင့် ပထမဆုံး အကြိမ် သမိုင်းဝင်တွေ့ဆုံနိုင်ခဲ့ ကြောင်း ဆင်ဟွာသတင်းတစ်ရပ် ၏ ဖော်ပြချက်အရ သိရသည်။
ရှင်ကျိုး-၁၄ အာကာသယာဉ် အမှုထမ်းများ၏ အကြီးအကဲဖြစ် သူ ရှန်ဒုန်းသည် ပေကျင်းစံတော် ချိန် နံနက် ၇ နာရီ ၃၃ မိနစ်တွင် တံခါးပေါက်ကို ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။ ထို့နောက် တွင် အာကာသယာဉ်မှူး သုံးဦး သည် ထပ်မံရောက်ရှိလာသည့် အာကာသယာဉ်မှူးများကို နွေး ထွေးစွာ ပွေ့ဖက်နှုတ်ဆက်ခဲ့ ပြီးနောက် အာကာသယာဉ်မှူး ခြောက်ဦးသည် အောင်မြင်မှု အထိမ်းအမှတ်အဖြစ် လက်မ ထောင်ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရ သည်။
အာကာသယာဉ်မှူး ခြောက် ဦးသည် အာကာသစခန်း၌ ငါးရက် ခန့် နေထိုင်မည်ဖြစ်ပြီး စီစဉ် သတ်မှတ်ထားသည့် လုပ်ငန်း တာဝန်များနှင့် လွှဲပြောင်းမှု လုပ်ငန်းများကို အတူတကွ လုပ်ဆောင်သွားဖွယ် ရှိကြောင်း သိရသည်။
ဆင်ဟွာ