တရုတ်သမ္မတဟောင်း ကျန်ဇီမင်း သွေးကင်ဆာရောဂါဖြင့် အသက် ၉၆ နှစ်တွင် ကွယ်လွန်

 

ပေကျင်း   နိုဝင်ဘာ  ၃၀ 
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းသည် သွေးကင်ဆာရောဂါဖြင့် ရှန်ဟိုင်း၌ နိုဝင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ် တွင် ကွယ်လွန်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 
ကျန်ဇီမင်းသည်   ကွယ်လွန်ချိန်တွင်  အသက်  ၉၆   နှစ်ရှိပြီ ဖြစ်သည်။  ကျန်ဇီမင်းကို  ကွန်မြူနစ်ပါတီ၏    အမြင့်ဆုံးရာထူးဖြစ်သည့်  အထွေထွေအတွင်းရေးမှူးရာထူးနှင့်  ဗဟိုစစ်ဘက်ဆိုင်ရာကော်မရှင် ဥက္ကဋ္ဌအဖြစ် ၁၉၈၉ ခုနှစ်တွင် ခန့်အပ်ခဲ့သည်။ 
ကျန်ဇီမင်းကို တရုတ်ထိပ်တန်းခေါင်းဆောင် တိန့်ရှောင်ဖိန်က  ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကျန်ဇီမင်းသည်  လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း  တရုတ်နိုင်ငံသမိုင်းတွင်   အဓိကအရေးပါသည့် ခေါင်းဆောင် တစ်ဦးဖြစ်လာခဲ့သည်။  တရုတ်သမ္မတအဖြစ်    တာဝန်ယူခဲ့သည့် ကာလတွင်    တရုတ်နိုင်ငံသည်  တံခါးဖွင့်မူဝါဒကို  ဖော်ဆောင်ခဲ့သလို   အရှိန်အဟုန်ကြီးမားစွာဖြင့် တိုးတက်ပြောင်းလဲမှုများကို လုပ်ဆောင် ခဲ့သည်။
ကျန်ဇီမင်းသည်  ၂၀၀၄ ခုနှစ်တွင် ဟူကျင်းတောင်းကို အာဏာ လွှဲပြောင်းပေးအပ်ခဲ့ပြီး နိုင်ငံရေးမှ အနားယူခဲ့သည်။ သို့သော်လည်း  ကျန်ဇီမင်းသည်  တရုတ်နိုင်ငံရေး စာမျက်နှာတွင် လွှမ်းမိုးခဲ့သည့် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။                                     
အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ