စက်မှုနှင့်စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်သွားမည်

 

မန္တလေး  နိုဝင်ဘာ  ၃ဝ
မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြင်ဦး လွင်မြို့ရှိ  အခြေခံပညာအထက်တန်းကျောင်းများ ဖြစ်သည့် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၅)နေရာသို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်၊ ဆရာ ဆရာမ များနှင့်အတူ ကျောင်းများအတွင်း အေးချမ်းပျော်ရွှင် စွာ   ပညာသင်ကြားနေမှုများကို   လိုက်လံကြည့်ရှု အားပေးပြီး ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်    တိုင်းဒေသကြီး   ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်များနှင့်အညီ  တိုင်းဒေသကြီးအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် အနီးကပ်   ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊ လာမည့်စာသင်နှစ်တွင် ကျောင်းအပ်နှံမှုပိုမိုတိုးတက် အပ်နှံရေး မိဘ၊ ဆရာပေါင်းစပ်ကာ ကြိုးစားဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့်ရရှိ ရေး၊  ကျောင်းနေမြဲရေး၊   အတန်းကူးပြောင်းနှုန်း မြင့်မားရေး၊ ကျောင်းထွက်နှုန်း လျော့ပါးရေးတို့ကို အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အတန်းပညာသင်ကြား နိုင်ခြင်းမရှိသည့်   လူငယ်များအတွက်  စက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာပညာများ  သင်ကြားပေးမည့် အသက်မွေးပညာသင်တန်းကျောင်းများကို စဉ့်ကူး မြို့နယ်၊ မြစ်သားမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပျော်ဘွယ် မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်များ၌ လာမည့် ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ရာ   အဆိုပါကျောင်းများသို့  တက်ရောက် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်းပြောကြားကာ စာသင်ခန်းများ၊ စာကြည့်တိုက်များအတွင်း လိုက်လံကြည့်ရှုကြပြီး  လိုအပ်သည်များ  ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထိုသို့  ကျောင်းများသို့   သွားရောက်ကြည့်ရှု အားပေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြား နေသည့် ကိုရင် ၂၈ ပါး၊ သီလရှင် ၃၆ ပါးတို့အား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ 
ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်တော်ကြီး ကန်အမှတ် (၄) ကန်ပေါင် ရေထိန်းမျှော်စင်သို့  ရောက်ရှိပြီး   ကန်တော်ကြီး အတွင်း ရေဝင်ရောက်နေမှု အခြေအနေများနှင့်  ကန် ပေါင်ဝန်းကျင်  သန့်ရှင်းသပ်ရပ်လှပရေးဆောင်ရွက် နေမှုများကို ကြည့်ရှုပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ရှိသူ တစ်ဦးက (၁၅) ကြိမ်မြောက်  ပန်းပွဲတော်ကျင်းပရန် အတွက် ကြိုတင်ပြင်ဆင်ထားမှုများကို  ရှင်းလင်း တင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။ 
     သတင်းစဉ်