(၁၁) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့်စည်းဝေး

 

နေပြည်တော် နိုဝင်ဘာ ၃၀ 


(၁၁) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်   မီးခိုးမြူငွေ့ ညစ်ညမ်းမှု    လျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကို ယနေ့တွင် ထိုင်းနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံ၍ Online စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့   မဲခေါင် ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ   ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် အာဆီယံမိုးလေဝသ စောင့်ကြည့် လေ့လာရေးဗဟိုဌာန   (ASEAN Specialised Meteorological Centre-ASMC)မှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။ 

 


မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန    ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန   ညွှန် ကြားရေးမှူးချုပ်   ဦးဆောင်၍ ဆက်စပ်ဦးစီးဌာနများ   ဖြစ်သည့် သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊   မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနနှင့်   ဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အဆင့်မြင့်အရာထမ်း  ကိုယ်စား လှယ်များ       တက်ရောက်ကြ သည်။

 


အဆိုပါ  အစည်းအဝေးကို မဲခေါင်ဒေသတွင်   နယ်စပ်ဖြတ် ကျော်   မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆိုင်ရာ အာဆီယံသဘောတူညီ ချက် (ASEAN Agreement on Transboundary Haze Pollu-tion-AATHP)  ကို  အကောင် အထည်ဖော်    ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို   ဆွေးနွေး ညှိနှိုင်းနိုင်ရန်နှင့်   နယ်စပ်ဖြတ် ကျော်    မီးခိုးမြူငွေ့ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေး  လုပ်ငန်း များကို  နိုင်ငံအလိုက်  အကောင် အထည်ဖော်   ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးတွင်    ထိုင်းနိုင်ငံ သယံဇာတနှင့်  သဘာဝပတ်ဝန်း ကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Mr. Thalearnsak Petchusuwan မှ Chair  အဖြစ်   ဆောင်ရွက်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်  ထိန်းသိမ်းရေးဝန်ကြီးမှ Video Message ဖြင့် အဖွင့်အမှာ စကား ပြောကြားသည်။ 

 


ထို့နောက်    အစည်းအဝေး အစီအစဉ်အရ   အာဆီယံမိုးလေ ဝသစောင့်ကြည့်လေ့လာရေး ဗဟို ဌာနမှ  ၂၀၂၂  ခုနှစ်တွင်   မဲခေါင် ဒေသ  မီးလောင်ကျွမ်းမှု  (Fire Hotspot) နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ် မှု၊   ရာသီဥတု    အခြေအနေများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ    နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု  ထိန်းချုပ် ရေးဆိုင်ရာ လမ်းပြမြေပုံအသစ် (၂၀၂၂-၂၀၃၀) ရေးဆွဲမှု၊ အာဆီယံ သစ်ဆွေးမြေ  စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာအသစ်   (၂၀၂၂-၂၀၃၀)  ရေးဆွဲမှု၊  ယမန်နေ့က ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု   လျှော့ချ ရေးဆိုင်ရာ   နည်းပညာလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဆွေးနွေး ခဲ့သည့် မဲခေါင်နိုင်ငံများ၏ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ ရေး   လုပ်ငန်းဆောင်ရွက်မှုများ၊ ၂၀၁၇  ချင်းရိုင်လုပ်ငန်းစီမံချက်ကို ၂၀၂၅  ခုနှစ်အထိ သက်တမ်းတိုး၍ ဆက်လက်အကောင်အထည်ဖော် ရေးအတွက်  Fire Hotspot အရေ အတွက်   လျှော့ချရမည့်အညွှန်း ကိန်းများ၊ ဒေသတွင်းနိုင်ငံများ၏ မီးခိုးမြူငွေ့ ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံ တကာ  မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်တိုးတက် မှု   အခြေအနေများနှင့်   မြန်မာ နိုင်ငံအနေဖြင့်    ဒေသတွင်းမီးခိုး မြူငွေ့လျှော့ချရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏  ဆောင်ရွက်ချက် များကို ဆွေးနွေးတင်ပြပြီး ဒေသ တွင်းနိုင်ငံများနှင့်     နိုင်ငံတကာ မိတ်ဖက်     အဖွဲ့အစည်းများနှင့် ပါ  ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေနှင့် ဒေသတွင်းမီးခိုး မြူငွေ့လျှော့ချရေးဆိုင်ရာ     ရှေ့ ဆက်လက်ဆောင်ရွက်မည့်  လုပ် ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်