“အေအိုင်ဒီအက်စ်ပပျောက်ဖို့၊ မညီမျှမှုများလျှော့ချလို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့”

Type

 

ဒေါက်တာသန်းသန်းလွင် (ခုခံကျ/ကာလသား)၊ ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
 

 

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားများကို နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး၌ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရန်၊ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အိတ်ချ်အိုင်ဗွီရောဂါပိုး ရှိသူများ အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါ၀င်၍ ခုခံအားကျဆင်းမှုကူးစက်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက် သွားသည်အထိ ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

 


၁၉၈၀ ပြည့်နှစ်လွန်နှစ်များမှစတင်၍   သတိပြုမိ လာသော အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ပြဿနာသည် ယခုအချိန်အထိ  လူထုကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်   တည်ရှိနေဆဲဖြစ်ပါသည်။ ကုလသမဂ္ဂ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ပူးပေါင်း အစီအစဉ် (UNAIDS) မှ ၂၀၃၀ ပြည့်နှစ်တွင် အိတ်ချ်အိုင်ဗွီ/ အေအိုင် ဒီအက်စ်ရောဂါကို  ကပ်ရောဂါအသွင်အဖြစ်  တည်ရှိနေခြင်းမှ  အဆုံးသတ်ရန်     ရည်မှန်းချက်နှင့် နည်းဗျူဟာများ  ချမှတ်ထားပြီးဖြစ်ရာ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါအသစ်    ကူးစက်ဖြစ်ပွားမှု “သုည”၊ ခွဲခြားနှိမ်ချဆက်ဆံမှု  “သုည” ၊ အေအိုင် ဒီအက်စ် ကြောင့် သေဆုံးမှု “သုည”  ဖြစ်သည်အထိ  ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

 


ပိုးရှိနေကြောင်း သိနိုင်ရန်


ကျန်းမာရေးဝန်ကြီးဌာန  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန    ခုခံကျ/ကာလသားရောဂါ  တိုက်ဖျက် ရေးစီမံချက်သည်   ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅) ကို  ရေးဆွဲ၍လုပ်ငန်းများ အကောင်အထည် ဖော်  ဆောင်ရွက်လျက်ရှိသည်။    ၎င်းအမျိုးသား မဟာဗျူဟာစီမံကိန်းသည်  အိတ်ချ်အိုင်ဗွီ/အေအိုင် ဒီအက်စ်ရောဂါ  တိုက်ဖျက်ရေးရည်မှန်းချက်မှတ် တိုင် သုံးခုဖြစ်သည့် (၉၅-၉၅-၉၅) ကို ရည်ရွယ်ထား ရှိ၍ UNAIDS က  ချမှတ်ထားသည့်    နည်းဗျူဟာ နှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်။   ရည်မှန်းချက် မှတ်တိုင်   အမှတ်စဉ်တစ်အနေဖြင့်    အိတ်ချ်အိုင်ဗွီ ရောဂါပိုးနှင့် ရှင်သန်နေထိုင်သူများ၏ ၉၅ ရာခိုင်နှုန်း သည်    မိမိတို့ပိုးရှိနေကြောင်း  သိရှိနိုင်ရန်ဖြစ်ပြီး အမှတ်စဉ်နှစ်အနေဖြင့် အိတ်ချ်အိုင်ဗွီရောဂါပိုး ရှိကြောင်း စစ်ဆေးသိရှိထားသူများ၏ ၉၅ ရာခိုင်နှုန်း ဆေးဝါးကုသမှု ရရှိနိုင်ရန် ဖြစ်သည်။  အမှတ်စဉ်သုံး အနေဖြင့် အေအာတီဆေး သောက်သုံးနေသူများ၏ ၉၅ ရာခိုင်နှုန်းသည် သွေးအတွင်းတွင် အိတ်ချ်အိုင်ဗွီ ရောဂါပိုးကောင်ရေကို ထိန်းချုပ်ထားနိုင်ရန် ဖြစ်သည်။

 


အထက်ဖော်ပြပါ    အမျိုးသားမဟာဗျူဟာ စီမံကိန်းအရ  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အဓိကဦးစားပေး ဆောင်ရွက်ရမည့်ဒေသများအဖြစ် သတ်မှတ်ထားပြီး ကူးစက်မှုအန္တရာယ်လျှော့ချရေးနှင့်    မက်သာဒုန်းအစားထိုး      တိုက်ကျွေးရေး ဝန်ဆောင်မှုများအပါအဝင်   အိတ်ချ်အိုင်ဗွီ/အေအိုင် ဒီအက်စ်ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ အေအာ တီဆေး    တိုက်ကျွေးခြင်းအပါအဝင်    ပြုစုကုသ စောင့်ရှောက်မှုလုပ်ငန်းများကို   စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 


မြန်မာနိုင်ငံတွင်    ၂၀၂၁   ခုနှစ်၌ အသက်(၁၅)နှစ်နှင့်အထက်   လူအုပ်စုများတွင်   အိတ်ချ်အိုင်ဗွီ ဖြစ်ပွားနှုန်းသည် AIDS Epidemic Model- AEM ဖြင့် ခန့်မှန်းတွက်ချက်မှုများအရ (၀.၆၄)ရာခိုင်နှုန်း ဖြစ်ပါသည်။  ၂၀၀၀ ပြည့်နှစ်တွင် ရောဂါအသစ် ကူးစက် ခံရမှုအနေနှင့်   အမြင့်ဆုံးဖြစ်ခဲ့ပြီး အသစ်ရောဂါ ကူးစက်ခံရသူဦးရေ (၃၀၀၀၀)နီးပါးရှိခဲ့ရာမှ ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို    အရှိန် အဟုန်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့်  ၂၀၂၁ ခုနှစ်တွင် အသစ်ရောဂါကူးစက်ခံရသူဦးရေ  (၁၁၀၀၀)  ခန့် အထိ ကျဆင်းလာသည်ကိုတွေ့ရပြီး  အသစ်ရောဂါ ကူးစက်ခံရသူဦးရေ   ပိုမိုလျော့နည်းကျဆင်းလာ ရေးအတွက် ဆက်လက်၍   အားလုံးက   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

 


ကူးစက်ခံရမှုမြင့်မားနေ


အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်    ရောဂါသည် အဓိကအားဖြင့် ကူးစက်ရန်အန္တရာယ်များသော လူ အုပ်စုများဖြစ်သည့်  မူးယစ်ဆေးအကြောထဲထိုးသွင်း သူများ၊   အမျိုးသားချင်း    ချစ်ခင်စုံမက်သူများ၊ အမျိုးသမီးလိင်လုပ်သမများနှင့်   ၎င်းတို့၏ လိင် ဆက်ဆံဖော်များအကြားတွင်           ကူးစက်ခံရမှု မြင့်မားနေကြောင်း    တွေ့ရသည်။  ၂၀၂၁ ခုနှစ် အတွင်း အိတ်ချ်အိုင်ဗွီပိုးအသစ် ကူးစက်ခံရမှုများ၏ (၅၀)ရာခိုင်နှုန်းကျော်သည် အဆိုပါ ဦးတည်အုပ်စု ဝင်များအတွင်းမှဖြစ်ကြောင်း တွေ့ရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာန   ပြည်သူ့ကျန်းမာရေး ဦးစီးဌာန   ခုခံကျ/ကာလသားရောဂါတိုက်ဖျက် ရေးစီမံချက်အနေဖြင့်  အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ  ကာကွယ်ရေးနည်းဗျူဟာအသစ်ဖြစ်သည့် အိတ်ခ်ျအိုင်ဗွီရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသော ဦးတည်အုပ်စုဝင်များအား   ရောဂါပိုးကူးစက်မှုမှ ကာကွယ်ရန်   ဆေးတိုက်ကျွေးခြင်း Pre Exposure Prophylaxis (PrEP) လုပ်ငန်းကို ရန်ကုန်တိုင်းဒေသ ကြီးတွင် အမျိုးသားချင်းချစ်ခင်စုံမက်သူများအတွက်  ၂၀၂၀ ပြည့်နှစ်၊  ဇူလိုင်လမှ  ၂၀၂၁   ခုနှစ်၊   ဒီဇင်ဘာ လအတွင်း   ဆောင်ရွက်ခဲ့ရာ အမျိုးသားချင်း ချစ်ခင် စုံမက်သူ (၁၈၁၄)ဦးအား PrEP တိုက်ကျွေးနိုင်ခဲ့ သည်။   PrEP  ဆေးတိုက်ကျွေးခြင်းမှ ရလဒ်များမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်နိုင်သည့်  ရလဒ်ကောင်း များ ရရှိသည့်အတွက်  အဆိုပါ ဆေးတိုက်ကျွေးခြင်း ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် အမျိုးသားချင်း ချစ်ခင်စုံမက်သူများနှင့် အမျိုးသမီးလိင်အလုပ်သမများအတွက် လည်းကောင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီးတို့၌   အမျိုးသားချင်း ချစ်ခင်စုံမက် သူများအတွက်လည်းကောင်း  ၂၀၂၃ ခုနှစ်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။          ထို့အပြင် မူးယစ်ဆေးအကြောထဲ  ထိုးသွင်းသူများအတွက် PrEP     ဆေးတိုက်ကျွေးခြင်းကိုလည်း    ကချင် ပြည်နယ်     ဝိုင်းမော်မြို့နယ်နှင့်     ရှမ်းပြည်နယ် (မြောက်ပိုင်း)  လားရှိုးမြို့တို့တွင် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။ 
ကျန်းမာရေးဝန်ကြီးဌာန၏  ဦးဆောင်မှုဖြင့် ဆောင်ရွက်သည့် ခုခံကျ/ကာလသားရောဂါ တိုက် ဖျက်ရေးလုပ်ငန်းတစ်ခုဖြစ်သည့်        ကူးစက်ရန် အန္တရာယ်ရှိသည့်အပြုအမူများပြုမူသည့်   ဦးတည် အုပ်စု ဝင်များအတွက် စင်တာများ (Key Population Service Center-KPSC) နှင့် လူထုအခြေပြု အိတ်ခ်ျ အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ    ကာကွယ်ရေး လုပ်ငန်းများ၊ လူထုအခြေပြု အိတ်ခ်ျအိုင်ဗွီရောဂါပိုး ရှိ မရှိ   စစ်ဆေးခြင်းများသည်လည်း   လက်ရှိတွင် အောင်မြင်မှုများ တိုးတက်ရရှိနေပါသည်။ ထို့အပြင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး        ကူးစက်ခံထားရပါက စောစီးစွာ  ရှာဖွေဖော်ထုတ်၍   ဆေးကုသမှုခံယူခြင်း ဖြင့် အခြားသူများသို့ ကူးစက်မှုကွင်းဆက်   ဖြတ် တောက်ရန် ရည်ရွယ်၍ အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိ၊ မရှိ မိမိကိုယ်တိုင် စစ်ဆေးခြင်းလုပ်ငန်းအား    ရှေ့ပြေး စီမံချက်အဖြစ်  ၂၀၂၁  ခုနှစ်၊    စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း          ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားချင်း    ချစ်ခင်စုံမက်သူ     ၉၂၉  ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ   ၁၀၀၀   တို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး   ဆက်လက်၍       တိုးချဲ့ ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိသည်။ 

 


အေအာတီဆေးဝါးဖြင့်ကုသ


၂၀၂၁ ခုနှစ်ကုန်အထိရရှိသော စာရင်းများအရ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ခုခံကျ/ကာလသားရောဂါ       တိုက်ဖျက်ရေးစီမံချက်နှင့် ပြည်တွင်းနှင့်  အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများပူးပေါင်းပြီး အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာစုစုပေါင်း ၁၉၀၄၁၃ ဦးကို အေအာတီ ဆေးဝါး ဖြင့်   ကုသပေးနိုင်ခဲ့ပြီးဖြစ်ရာ    အဆိုပါလူနာများ၏ (၉၀)ရာခိုင်နှုန်းခန့်သည် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ အေအာတီဆေးကုဌာနများတွင်   ဆေး ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး    ဆက်လက်၍    ကုသ စောင့်ရှောက်မှုပေးအပ်လျက်ရှိသည်။ ထိုသို့ ကျန်းမာ ရေးဝန်ကြီးဌာနအောက်ရှိ   ဆေးရုံ/ဆေးခန်းများ တွင်    ကုသစောင့်ရှောက်မှုများ ပိုမိုတိုးချဲ့ပေးအပ် လာနိုင်ခြင်းဖြင့်  လူနာများအတွက် ရေရှည်ကုသမှု ခံယူနိုင်မည် ဖြစ်သည်။

 


ခုခံအားကျဆင်းမှု     ကူးစက်ရောဂါဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို     အချိန်နှင့် တပြေးညီ     တိကျခိုင်မာသော     သတင်းအချက် အလက်များ ရရှိနိုင်ရေးနှင့်  ဆန်းစစ်လေ့လာနိုင်ရေး အတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။  ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ဖြစ်ပွား မှုအခြေအနေနှင့်    အန္တရာယ်ရှိသော   အပြုအမူ ကျင့်သုံးမှုအခြေအနေများ    ပုံမှန်ဆန်းစစ်ချက်အရ အိတ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်းအနေဖြင့်   အမျိုးသမီးလိင် အလုပ်သမများတွင် (၈.၂)ရာခိုင်နှုန်းနှင့်  အမျိုးသား ချင်း   ချစ်ခင်စုံမက်သူများတွင်    (၈.၈)ရာခိုင်နှုန်း အသီးသီးရှိနေပြီး  ၂၀၁၇ ခုနှစ်   ဆန်းစစ်ချက်များ အရ မူးယစ်ဆေးအကြောထဲ     ထိုးသွင်းသူများတွင် အိတ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်း   (၃၄.၉)   ရာခိုင်နှုန်း  ရှိကြောင်း  တွေ့ရှိရသည်။ 

 


မိမိတို့နိုင်ငံအနေဖြင့်  အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသား ရေးအသွင်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေထည့်၀င် မှုသည် နှစ်စဉ်သိသာစွာ တိုးတက်လာခဲ့ပါသည်။ ခုခံ အားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များ ဆောင်ရွက်ရန် လိုအပ်သောရန်ပုံငွေကို ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့တို့မှ အဓိက ထောက်ပံ့ပေးလျက်ရှိပြီး (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် တွင် အေအာတီဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် အတွက်  အမေရိကန်ဒေါ်လာ ၁၆ သန်းကို ကျန်းမာ ရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့ပါသည်။

 


ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့    အထိမ်းအမှတ်အခမ်းအနား ဆောင်ပုဒ်ဖြစ်သည့် "Equalize" “အေအိုင်ဒီအက်စ် ပပျောက်ဖို့၊    မညီမျှမှုများလျှော့ချလို့၊   အားလုံး ပူးပေါင်းဆောင်ရွက်စို့”နှင့်အညီ ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလ သားရောဂါတိုက်ဖျက်ရေးစီမံချက်သည် အိတ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဝန်ဆောင်မှုများကို    လူတိုင်း ညီတူညီမျှ လက်လှမ်းမီရရှိစေရေး ဆောင်ရွက်လျက် ရှိရာတွင် မညီမျှမှုများရှိပါက ဝိုင်းဝန်းအဖြေရှာ၍ လူတိုင်းလုံခြုံစိတ်ချရသော   ကျန်းမာရေးစောင့် ရှောက်မှုများရရှိကာ အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ကင်းဝေးသောအနာဂတ်ကို ဖော်ဆောင်ရန် အမျိုးသား မဟာဗျူဟာစီမံကိန်းအရ လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိပါကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်  အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်မှုများကို သိရှိ၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ပါရန် တင်ပြ လိုက်ရပါသည်။        ။