ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ဂျပန်အောက်လွှတ်တော် ဥပဒေကြမ်းတစ်ခုကို အတည်ပြု

 

တိုကျို    နိုဝင်ဘာ   ၂၉ 


ကုန်ဈေးနှုန်းများ မြင့်တက်လာ ခြင်းကို    ကိုင်တွယ်ဖြေရှင်းရန် ဂျပန်   အောက်လွှတ်တော်သည် ဒုတိယ     ဖြည့်စွက်ဘတ်ဂျက်ကို အတည်ပြုခဲ့သည်။       အောက် လွှတ်တော်က အတည်ပြုခဲ့သော  အဆိုပါ ဘတ်ဂျက်ဥပဒေကြမ်းကို  အထက်လွှတ်တော်သို့  တင်သွင်း ရမည်ဖြစ်သည်။ 

 


နိုဝင်ဘာ ၂၉ ရက်က အတည် ပြုခဲ့သော     အဆိုပါဘတ်ဂျက် သည် ယန်း ၂၈ ဒသမ ၉ ထရီ လီယံ    သို့မဟုတ်    အမေရိကန် ဒေါ်လာ    ၂၀၉   ဘီလီယံရှိပြီး အိမ်ထောင်စုများနှင့် ကုမ္ပဏီများ  အတွက် လျှပ်စစ်မီတာခများနှင့်  ဓာတ်ငွေ့သုံးစွဲခ   မြင့်တက်လာ သည့် ဝန်ထုပ်ဝန်ပိုးကို သက်သာ စေမည့် ရန်ပုံငွေတစ်ရပ်လည်း ပါဝင်မည်ဖြစ်သည်။ 

 


ဂျပန်အစိုးရသည် ကိုယ်ဝန် သည်များနှင့် ကလေးမွေးဖွားမှု များအတွက်   ယန်း   ၁၀၀၀၀၀  သို့မဟုတ် အမေရိကန်ဒေါ်လာ ၇၀၀  နှင့်  ညီမျှသည့်  ဘဏ္ဍာငွေ ထောက်ပံ့မှုများ လုပ်ဆောင်ပေး သွားရန် စီစဉ်ထားသည်။ 
အရန်ရန်ပုံငွေ   ယန်း   ၄ ဒသမ ၇ ထရီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ   ၃၄ ဘီလီ ယံကို      ကိုရိုနာဗိုင်းရပ်စ်၊ ငွေကြေးဖောင်းပွမှုနှင့် တခြား ကိစ္စရပ်များအတွက် ဖယ်ထား သည်။ 

 


အောက်လွှတ်တော်  ဘတ် ဂျက်ကော်မတီ အစည်းအဝေး ကို    အဆိုပါနေ့အစောပိုင်းက ကျင်းပခဲ့ရာ          ဝန်ကြီးချုပ် ကီရှီဒါ  ဖူမီယိုက  စွမ်းအင်နှင့် စားသောက်ကုန်  ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ပြော ကြားခဲ့သည်။ ထို့ကြောင့်အစိုးရ သည် အဆိုပါနယ်ပယ်များကို ဦးတည်ချက်ထားပြီး     အရေး တယူ        ဆောင်ရွက်မှုများ လုပ်ဆောင်လျက်     ရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။ 


အင်န်အိတ်ချ်ကေ