
နေပြည်တော် နိုဝင်ဘာ ၂၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန် တုန်ဟုန်း၏ ဟော်နန်းတော် (သိန်းနီဟော်နန်း) ပြန်လည် တည်ဆောက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးသည် လားရှိုးမြို့နှင့် သိန်းနီမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟော်နန်း ပြန်လည်တည်ဆောက် မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင် များသည် လုပ်ငန်းခွင်သို့ ရောက်ရှိ ရာ ဟော်နန်းပြန်လည်တည် ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ တို့က အကြံပြုဆွေးနွေးတင်ပြကြ ရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ ဝင်များသည် သိန်းနီဟော်နန်း ပြန်လည် တည်ဆောက်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်