
ရန်ကုန် နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေး၊ စာအုပ်နှင့် ငွေလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံစာကြည့်တိုက် များ ဖောင်ဒေးရှင်းအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
လှူဒါန်းလျက်ရှိ
အစီအစဉ် ပထမပိုင်းတွင် စာအုပ်နှင့် ငွေလှူဒါန်းပွဲ ပြုလုပ် ရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့် ဆွေက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုကဲ့ သို့ စာအုပ်နှင့်ငွေများ လှူဒါန်းပေး သည့်အတွက် အထူးကျေးဇူးတင် ပါကြောင်း၊ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေ ရေးအတွက် ကျေးရွာ၊ ရပ်ကွက်၊ ကိုယ့်အားကိုယ်ကိုး စာကြည့် တိုက်များသို့ စာအုပ်များဖြန့်ဝေပေးလျက်ရှိပါကြောင်း ဖောင်ဒေး ရှင်းအနေဖြင့် စာအုပ်များ ဝယ်ယူ ပြီး ထောက်ပံ့ပေးသကဲ့သို့ အလှူရှင် များက လှူဒါန်းသည့်စာအုပ်များ ကိုလည်း ပေးပို့လှူဒါန်းလျက် ရှိပါကြောင်း၊ ယခုကဲ့သို့ အလှူရှင် များ တိုးပွားလာရေးအတွက် ဆက်လက် စည်းရုံးဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်များ ဖြစ်ကြသော ဦးကျော်ခင်မြင့် (မောင်ရင့်ကျူး၊ မြောင်းမြ)၊ တက္ကသိုလ်စိုးယဉ် (ရဲဘော်စိုးဝင်း၊ လှိုင်)၊ ထားဝယ်မြို့နယ် အသင်း နာယက ဦးစိုးမြင့် (စိုးမှူး) နှင့် စာရေးဆရာ မြင်းမူမောင်နိုင်မိုး တို့က စာအုပ်များနှင့် ငွေလှူဒါန်း ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာအုပ်များ လှူဒါန်းကြရာ (မောင်ရင့်ကျူး၊ မြောင်းမြ)က တန်ဖိုးငွေကျပ်ကိုးသိန်း ရှိ ပါရမီဖြည့်ဖက်စာအုပ် အုပ်ရေ ၂၀၀ ကိုလည်းကောင်း၊ တက္ကသိုလ် စိုးယဉ် (ရဲဘော်စိုးဝင်း၊ လှိုင်) က တန်ဖိုးငွေကျပ် ၂၄၅၀၀၀၀ ရှိ ဇာနည်သွေး ကလေးကဗျာများ အုပ်ရေ ၇၀၀ ကိုလည်းကောင်း၊ ထားဝယ်မြို့နယ်အသင်း နာယက ဦးစိုးမြင့် (စိုးမှူး) က တန်ဖိုးငွေကျပ် လေးသိန်းရှိ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ထားဝယ်အသင်း မဂ္ဂဇင်း အုပ် ၁၀၀ ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့် တိုက်များ ဖောင်ဒေးရှင်းက တန်ဖိုးငွေကျပ် သုံးသိန်းရှိ ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်း အမှတ် (၃) နှင့် (၄) အုပ်ရေ ၁၀၀ ကိုလည်းကောင်း၊ ဆရာမကြီး ဒေါ်မြမြလေး (ပညာမြေကိုယ်ပိုင် အထက်တန်းကျောင်း၊ မော်လမြိုင်) က လှူဒါန်းသည့် ငွေကျပ် နှစ်သိန်းကို ဆရာမကြီးကိုယ်စား ရုံးအဖွဲ့မှူးက လည်းကောင်း ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကား ပြောကြားသည်။
ဆွေးနွေးညှိနှိုင်း
ယနေ့လှူဒါန်းမှုတွင် စာအုပ် ၁၁၀၀ ၊ တန်ဖိုးငွေကျပ် ၄၀၅၀၀၀၀ နှင့် အလှူငွေကျပ် နှစ်သိန်းဖြစ်ပြီး ဒုတိယပိုင်း အစီအစဉ်အဖြစ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေး ပြုလုပ်ရာ ရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်