
နေပြည်တော် နိုဝင်ဘာ ၂၉
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်း များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာန အားကစားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။
အောင်နိုင်ရေးအလံကိုအပ်နှင်း
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က အမှာစကား ပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန အားကစားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်ထံ ပြည်ထဲရေး ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အောင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံကိုအပ်နှင်း ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများအတွက် ဂုဏ်ပြုထောက်ပံ့ငွေ များကို ချီးမြှင့်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက အဆိုပါအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများ၏ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမား ၁၅၈ ဦးသည် ဘော်လီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ လွန်ဆွဲ၊ ထုပ်ဆီးတိုးနှင့် အပြေးပြိုင်ပွဲစသည့် အားကစားနည်း ခုနစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်