
နေပြည်တော် နိုဝင်ဘာ ၂၆
အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြား လျက်ရှိသည့် တပ်မိသားစုဝင် အခြေခံပညာ ကျောင်းသား ကျောင်းသူများကိုကျောင်းဝတ်စုံများ၊ စာရေး ကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် စစ်တွေ တပ်နယ်ရှိ ဗန္ဓုလခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တပ်မိသားစုဝင် ကျောင်းသား ကျောင်းသူများအား ကျောင်း ဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တက် ရောက်လာကြသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။
အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များ၌ လည်း တပ်မိသားစုဝင် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေး ကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို တပ်နယ်အလိုက် တာဝန်ရှိသူများက သတ်မှတ် နေရာအသီးသီး၌ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်