Engineering Education Programs for New National Education System ဖိုရမ်ကျင်းပ

 

နည်းပညာတက္ကသိုလ်များသည် စနစ်သစ်နှင့်ကိုက်ညီအောင် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 

ရန်ကုန် နိုဝင်ဘာ ၂၆


သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန နှင့်  မြန်မာနိုင်ငံ  အင်ဂျင်နီယာ ကောင်စီတို့ ပူးပေါင်းကျင်းပသည့် “Engineering Education Pro-grams for New National Edu-cation System” ဖိုရမ်ကို ယနေ့  နံနက် ၉  နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်    ခရေပင် လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၌ ကျင်းပသည်။

 


ဖိုရမ်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ   မျိုးသိန်းကျော်က သင်ရိုးညွှန်းတမ်းများ   ပြုပြင် ပြောင်းလဲရေးအတွက်    KG+12 စနစ်ကို     အခြေခံ၍    သင်ရိုး ညွှန်းတမ်းများ  ရေးဆွဲလျက်ရှိ ကြောင်း၊ နည်းပညာတက္ကသိုလ် များသည် စနစ်သစ်နှင့် ကိုက်ညီ အောင်    သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ နည်း ပညာဆိုင်ရာ ဘာသာရပ်များကို ပြုပြင်ပြောင်းလဲရာတွင် Indus-trial    ၏    ကျွမ်းကျင်မှုလိုအပ် ချက်၊   အသိပညာ    လိုအပ်ချက် နှင့်  အရည်အချင်း  လိုအပ်ချက် များကို     သေချာစွာ    ထည့်သွင်း ရေးဆွဲရန်လိုကြောင်း ပြောကြား သည်။

 


ထို့နောက် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက    အင်ဂျင်နီယာ ပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို Virtual စနစ်ဖြင့်  ပြောကြားပြီး  မြန်မာ နိုင်ငံ     အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့်  အင်ဂျင်နီယာဘာသာ ရပ်ဆိုင်ရာ    ပညာရှင်များက အင်ဂျင်နီယာ ပညာဖွံ့ဖြိုးတိုးတက် ရေးနှင့်  ပတ်သက်၍      ဆွေးနွေး ပြောကြားကြသည်။

 


ဖိုရမ်ကို   သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန  အနာဂတ်   အင်ဂျင် နီယာပညာရေးစနစ် ဖော်ဆောင် ရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇  ရက်အထိ  ကျင်းပ သွားမည်ဖြစ်ကာ  ဖိုရမ်သို့  မြန်မာ နိုင်ငံ    အင်ဂျင်နီယာကောင်စီ၊ နည်းပညာတက္ကသိုလ်များ၊ မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ် များနှင့် ကောလိပ်နှင့်  သိပ္ပံများ မှ   ပါမောက္ခချုပ်များ၊  ဒုတိယ ပါမောက္ခချုပ်များ၊    ပါမောက္ခ၊ ဌာနမှူးများနှင့်   ဖိတ်ကြားထား သူများ တက်ရောက်ကြကြောင်း သိရသည်။  

           
သတင်းစဉ်