
မကွေး နိုဝင်ဘာ ၂၆
မကွေးမြို့ မကွေးပညာရေးဒီဂရီ ကောလိပ် တိုင်းရင်းသားဘာသာ စကားသင် ဆရာ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲကို ယမန် နေ့က မကွေးပညာရေး ဒီဂရီ ကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်နှင့် ဝန်ကြီး များ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်း ဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြား ရေး ဆရာ ဆရာမများနှင့် တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများ တက်ရောက်ခဲ့ ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က တိုင်းဒေသကြီးအတွင်း ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား သင်ကြားပို့ချပေးနေသည့် ဆရာ ဆရာမများအတွက် အရည် အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကို မကွေးပညာရေး ဒီဂရီကောလိပ်မှ ၃-၁၁-၂၀၂၂ ရက်မှ ၂၅-၁၁-၂၀၂၂ ရက်အထိ သတ်မှတ်ဆွေးနွေးပွဲ အစီအစဉ် များနှင့်အညီ လေ့ကျင့်သင်ယူ ဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမ ၁၁၈ ဦး အောင်မြင်စွာ တက် ရောက်ခဲ့ကြသည့် အတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားဘာသာ စကား စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိန်းသိမ်း မြှင့်တင်ရန် ဒေသခံတိုင်းရင်းသား ဘာသာစကားသင် ဆရာ ဆရာမ များကို ခန့်အပ်တာဝန်ပေးပြီး ကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား ၆၃ မျိုးကို သင်ကြားပေးခြင်းသည် အသိ ပညာအတတ်ပညာများ တိုးတက် လာသည်နှင့်အမျှ ဝေါဟာရအခေါ် အဝေါ်၊ စကားအသုံးအနှုန်း အသစ်အဆန်းများ နေစဉ်နှင့်အမျှ ပေါ်ထွက်နေလေ့ရှိသောကြောင့် ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက်လာသည့် အသိပညာ အတတ်ပညာများကို မိမိဘာသာ စကားနှင့် မပြောဆို၊ မရေးသား နိုင်လျှင် တိမ်ကောပျောက်ကွယ် သွားမည်ဖြစ်သလို တိုင်းရင်းသား ကျောင်းသား ကျောင်းသူများ အနေနှင့်လည်း အတတ်ပညာများ ကို မိမိတို့ နားလည်သည့် ဘာသာ စကားနှင့် လေ့လာသင်ယူခွင့် မရရှိသည့်အတွက် ကျောင်းသား ကျောင်းသူများ၏ ပညာရေးအခွင့် အလမ်များ ဆုံးရှုံးမှုများဖြစ်ပေါ် နိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အဟန့်အတားဖြစ်စေ မည်ဖြစ်ကြောင်း၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများ ပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားသည့် သာဓကများ အများကြီးရှိပါ ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ဘာသာစကားသင် ဆရာ ဆရာမ များအနေနှင့် ဆွေးနွေးပွဲကာလ အတွင်း စာတွေ့သင်ကြားမှုများကို လေ့လာဆည်းပူးခဲ့ကြပြီး မိမိတို့ တာဝန်ကျရာ ကျောင်းများတွင် စာတွေ့လက်တွေ့ ပေါင်းစပ်ကာ တိုင်းရင်းသား ကျောင်းသား ကျောင်းသူများကို ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံသားကောင်း များ ဖြစ်လာစေရန် ပြုစုပျိုးထောင် ပေးကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊ ဘက်စုံပညာ ထူးချွန် ထက်မြက်လာစေရန် ပြုစုပျိုးထောင်ရာတွင် အတတ် ပညာသာမက အသိပညာ၊ ခံယူ ချက်၊ သဘောထား၊ တာဝန်သိ စိတ်၊ တာဝန်ခံစိတ်၊ လူမှုပတ်ဝန်း ကျင်နှင့် ပူးပေါင်းဆောင်ရွက် တတ်သော စိတ်နေစိတ်ထား အလေ့အကျင့် ကောင်းများကို စာပေပညာများနှင့်အတူ ထည့် သွင်းလေ့ကျင့်ပေးရန် လိုအပ်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တမကျန် ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသား ဘာသာစကားသင် ဆရာ ဆရာမ များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် ငွေကျပ် ၃၅ သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှု ရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်နှင့် ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ခင်မြင့်လှိုင်တို့က အရည် အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ တက်ရောက် ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲ တက်ရောက်သူ တိုင်းရင်းသား ဘာသာစကားသင် ဆရာ တစ်ဦး က ကျေးဇူးတင်စကား ပြောကြား ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ