
နေပြည်တော် နိုဝင်ဘာ ၂၆
ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး ဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးကြည့်ရှုကြသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဝန်ကြီးဌာနများနှင့် ရုံးဌာနအဖွဲ့အစည်းများမှ ဌာန ဆိုင်ရာ အကြီးအကဲများ၊ အရာ ထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်း မိသားစုများ၊ ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြ သည်။
ကြိုဆိုနှုတ်ဆက်
ညနေ ၆နာရီခွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ကပွဲ ကျင်းပရာ လဟာပြင်ကဇာတ်ရုံ သို့ ရောက်ရှိလာကြရာ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ကပြသီဆိုဖျော်ဖြေ
ထို့နောက် ပဒေသာကပွဲ ကို အစီအစဉ်အတိုင်း ကျင်းပ ရာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင် ဆန်းမင်းဝင်းတို့က တာဝန်ယူ တင်ဆက်သည့် “လွတ်လပ်ရေး နေ့ဂုဏ်ပြုအစီအစဉ်”၊ သဘင် အစည်းအရုံးမှ အနုပညာရှင်များ ကပြသည့် “သုံးပန်ချီ သုံးပန်လှ (အပျိုတော်ကြီး)” အက၊ တေးသံ ရှင် ကေတုဝင်းထွဋ်က “ဂီတ ဗိမာန်” သီချင်း၊ တေးသံရှင် သန်းမြတ်စိုးက “လုလင်ငယ် သွေး” သီချင်း၊ တေးသံရှင် ရွှေထိုက် က “ သီချင်းလေးအတိုင်း” သီချင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်များ စုပေါင်းသီဆို ဂုဏ်ပြုသည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုပဏာမ တေးတစ်ပုဒ်ဖြစ် သော “စိန်ရတုတိုင်ခဲ့ပြီ” သီချင်း၊ တေးသံရှင် ထူးအယ်လင်းက “နေပါစေချစ်လို့နှင့် မင်းလေး နားလည်” သီချင်းများ၊ တေးသံရှင် ဇင်သူဇာထွန်းနှင့် ဇင်သူသူထွန်း တို့က “ဗွေးတုတ်” သီချင်း၊ တေးသံရှင် မင်းသားလေးက “တက္ကသိုလ်ကျောင်းသူ တစ်ဦး” သီချင်းတို့ဖြင့် ကပြသီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ဒါရိုက်တာ ကိုသက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၏ “ပြန်လည်ဆုံတွေ့ကြရာ ဝယ်” နှစ်သံတစ်ကိုယ်တင်ဆက်မှု၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးက လူရွှင်တော် Talent ပြိုင်ပွဲ၊ တေးသံရှင် ပူစူးက “နင်စေရင်” သီချင်း၊ တေးသံရှင် ဝိုင်းလမင်းအောင်က “တောင် လှေကားမြို့တော်” သီချင်း၊ အမေ များအဖွဲ့နှင့် မမများအဖွဲ့က ဖျော်ဖြေတင်ဆက်သည့် “ရွှေစွန် ညို တေးသရုပ်ဖော်” ကပြဖျော်ဖြေ မှု၊ တေးသံရှင် ထားက “သုံးရောင် ခြယ်” သီချင်း၊ တေးသံရှင် Lဆိုင်းဇီက “လာချင်လျှင်အနီး လေးနှင့် ဂုဏ်ယူအလွမ်း” သီချင်း များ၊ တေးသံရှင် ရွှေယမင်းဦးက “ထိုးကွင်းလေးနဲ့ ခြင်းခတ်သူ” သီချင်း၊ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) ဖျော်ဖြေတင်ဆက် သည့် “ပျော်ရွှင်ခြင်းအိမ်” ပြဇာတ်၊ တေးသံရှင် မြန်မာပြည်သိန်းတန် နှင့်အဖွဲ့က ဖျော်ဖြေတင်ဆက် သည့် “ကောင်းသောည”တေးဂီတ ဖျော်ဖြေမှု၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံးက ဖျော်ဖြေတင်ဆက် သည့် “မွန်ပြည်နယ်မှ စိုးသဘင် မင်းဗိုလ်ဇာတ်အဖွဲ့”၏ ဖျော်ဖြေ တင်ဆက်မှု၊ ဒါရိုက်တာကျော်ဇော လင်း (အတွေးပုံရိပ်) က တာဝန် ယူ တင်ဆက်သည့် “စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအနား သတ်အစီအစဉ်”တို့ဖြင့် ကပြသီဆို ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုဆုငွေများပေးအပ်
၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ် ရေးနေ့ ပဒေသာကပွဲ ဖျော်ဖြေ တင်ဆက်မှုအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် ပဒေသာကပွဲတွင် ပါဝင် သီဆို ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ပြည်သူများ စိတ်ကြည်နူး ချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး ၏ အငွေ့အသက်များ ခံစား နားလည်နိုင်စေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကို နိုင်ငံတော်အဆင့်အခမ်းအနား အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် မွန်းကျပ်နေ သည့် ပြည်သူများကို ဖျော်ဖြေမှု ပေးနိုင်ရန် ပထမဆုံးအကြိမ် ကျင်းပသည့် အကြီးကျယ်ဆုံး ပဒေသာကပွဲကြီးလည်း ဖြစ် သည်။ အဆိုပါ ပဒေသာကပွဲတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် အနုပညာ ရှင်များက လေးလေးနက်နက် စေတနာပါပါဖြင့် ပူးပေါင်းဆောင် ရွက်ကြခြင်းဖြစ်ကြောင်း သိရပြီး ပဒေသာကပွဲကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြ ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်