နယူးယောက်မြို့၌ ကျေးဇူးတော်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ကန့်သတ်ချက်များမရှိဘဲ ကျင်းပ

 

နယူးယောက် နိုဝင်ဘာ ၂၅


နှစ်စဉ်      ကျင်းပနေကျဖြစ်သည့် ကျေးဇူးတော်နေ့   စီတန်းလှည့် လည်ပွဲကို  နယူးယောက်မြို့တွင်  ကိုဗစ် -၁၉ စည်းကမ်း   ကန့်သတ် ချက်များ     မရှိဘဲ       ကျင်းပခဲ့ရာ        ကြည့်ရှုသူပေါင်း          များစွာကို  ဆွဲဆောင်နိုင်ခဲ့သည်။

 


ကျေးဇူးတော်နေ့          စီတန်း လှည့်လည်ပွဲ      အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် ဖျော်ဖြေမှုများ ဖြင့်  မက်ဟက်တန်တွင်   ပြုလုပ်ခဲ့ သည်။   အဆိုပါ  အခမ်းအနားကို ၂၀၂၀  ပြည့်နှစ်က  ကိုဗစ်  -  ၁၉ ကြောင့်      ဖျက်သိမ်းခဲ့ရသည်။ ပြီးခဲ့သည့်နှစ်ကမူအဆိုပါ ပွဲတော် ကို    ကျင်းပခွင့်ရခဲ့သော်လည်း          ပါဝင်ဆင်နွှဲသူများကို   ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ရန်  စည်း ကမ်းချက်များ ထုတ်ထားခဲ့သည်။ 

 


အဆိုပါပွဲသို့       ပထမဆုံး လာရောက်ကြည့်ရှုသည့် အထက် တန်း      ကျောင်းသူတစ်ဦးကမူ  ပွဲတော်၌  လူများ  အတူတကွ  စည်စည်ကားကား  ပါဝင်နိုင်သည့် အတွက်    အမှန်ပင်ကောင်းမွန် ကြောင်း  ပြောသည်။  

 


အားလပ်ရက် ရာသီအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည့်အတွက် ကိုဗစ် -၁၉ နှင့် တုပ်ကွေးရောဂါ ကို    ကာကွယ်နိုင်ရေး  ကာကွယ် ဆေးထိုးကြရန်           အမေရိကန်       ရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ် ရေးစင်တာက     ပြည်သူများကို တိုက်တွန်းထားသည်။        

ဆင်ဟွာ