သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲကျင်းပ

 

ရန်ကုန်  နိုဝင်ဘာ  ၂၅


ရန်ကုန်တိုင်းဒေသကြီး    သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများအတွက် အရည် အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည် ခန်းမဆောင်၌ ကျင်းပသည်။

 


ရှေးဦးစွာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာ မကြီး ဒေါ်ငြိမ်းသီအောင်က အမှာစကားပြောကြားပြီး တိုင်းရင်းသား ဘာသာစကားသင်  ဆရာ  ဆရာမများအတွက်  အရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်း  သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကိုပေးအပ်ချီးမြှင့်သည်။ တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမ များအတွက်   အရည်အသွေးမြှင့်   အထောက်အကူပြုဆွေးနွေးပွဲကို နိုဝင်ဘာ ၃ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကာ သင်တန်းသား သင်တန်းသူ ၄၁ ဦး တက်ရောက်ကြပြီး ယခုသင်တန်းမှ ရရှိသော အသိပညာ၊ ဗဟုသုတများကို မိမိတို့တာဝန်ကျရာနေရာများ ရှိ  ကလေးငယ်များအား   ဆက်လက်အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)