အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော် နိုဝင်ဘာ  ၂၅


အမျိုးသမီးများအပေါ်  အကြမ်း ဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်း အနားကို  ယနေ့  နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန  စုပေါင်းခန်းမ၌   Hybrid ပုံစံဖြင့် ကျင်းပသည်။ 

 


အခမ်းအနားတွင်     လူမှု ဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာ     သက်သက်ခိုင်က နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင် ဘာ ၁၀ ရက်အတွင်း ကာလသည် အမျိုးသမီးများအပေါ်  အကြမ်း ဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုကာလ  ဖြစ်ပါကြောင်း၊ (၁၆)   ရက်တာ   လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက် မှာ ကျား၊မ အခြေပြုအကြမ်းဖက် မှုပပျောက်ရေးအတွက်    အသိ အမြင်ကျယ်လာပြီး    အမျိုးသမီး များအပေါ်       နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ပပျောက်စေရေး လုပ်ငန်းများကို  တိုးမြှင့်ဆောင် ရွက်လာနိုင်ရန်   ဖြစ်ပါကြောင်း၊  ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီး များအပေါ်     အကြမ်းဖက်မှု ပပျောက်ရေး     (၁၆)     ရက်တာ လှုပ်ရှားမှု         အထိမ်းအမှတ် ဆောင်ပုဒ်မှာ “UNiTE! Activism To End Violence against Wo-men & Girls”: “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အဆုံးသတ် ရေး အားလုံးပေါင်းစု လှုပ်ရှားပေး” ဖြစ်ပါကြောင်း။ 

 


၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံ များ၌    ကိုဗစ်-၁၉   ရောဂါဖြစ်ပွား စဉ်ကာလအတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ ဖြစ်ပွား မှုနှုန်းမှာ ပိုမိုများပြားလာသည်ကို   လေ့လာတွေ့ရှိချက်များအရ သိရှိ ရပါကြောင်း၊  မြန်မာနိုင်ငံသည် “ကျား၊ မတန်းတူညီမျှမှု ရရှိရေး နှင့် အမျိုးသမီးများ၊  အမျိုးသမီး ငယ်များအားလုံး စွမ်းပကားတိုးမြှင့် စေ ရေး”   ဆိုသည့်    စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်    နံပါတ် (၅)၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလ သမဂ္ဂကွန်ဗင်းရှင်း    UNCEDAW ၏  အကြံပြုချက်များ၊   ဘေဂျင်း ကြေညာစာတမ်းပါလုပ်ငန်းများ၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ    ပူးတွဲ ကြေညာချက်နှင့် အာဆီယံဒေသ တွင်း   အမျိုးသမီးနှင့်   ကလေး သူငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး      လုပ်ငန်းများကို ပါဝင်      ဆောင်ရွက်လျက်ရှိပါ ကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ်   အကြမ်း ဖက်မှုကို သတင်းပို့တိုင်ကြားနိုင် ရန် (၂၄) နာရီ Helpline တယ်လီ ဖုန်းနံပါတ်“1566” ဖြင့် ဝန်ဆောင် မှုပေးခြင်း၊  Viber, Facebook Page Messenger  များ  တည် ထောင်ထားခြင်းတို့ကိုဆောင်ရွက် လျက်ရှိပါကြောင်း။

 


ထို့ပြင် အကြမ်းဖက်ခံရသူများ ကို      တရားရင်ဆိုင်ခရီးစရိတ်၊အသက်မွေးဝမ်းကျောင်း စရိတ် ထောက်ပံ့ပေးခြင်း၊   လုံခြုံရေး အတွက် နားခိုရာနေရာများအဖြစ် ရန်ကုန်၊  မန္တလေး၊  မော်လမြိုင်၊ လားရှိုး၊  လွိုင်ကော်၊  မုံရွာမြို့နှင့် စစ်တွေမြို့ စသည့်နေရာ  ခုနစ်ခု တွင်(One Stop WomenSupport Center -OSWSC)    များကို ဖွင့်လှစ်ထားရှိခြင်း၊ အခြားသော ဝန်ဆောင်မှုများ      ရရှိနိုင်ရေး ညွှန်းပို့    ချိတ်ဆက်ပေးခြင်းတို့ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ်   အကြမ်း ဖက်မှုများ ဖယ်ရှားပပျောက်စေရန် အတွက် အစိုးရကချည်း ဆောင် ရွက်နေ၍မရဘဲ ပြည်တွင်း၊ ပြည်ပ အစိုးရအဖွဲ့အစည်းများ၊အရပ်ဘက် အဖွဲ့အစည်းများနှင့်     အားလုံး အတူတကွ  ပူးပေါင်းဆောင်ရွက် ကြရန်        လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

 


ဆက်လက်၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက် ရေး ဆောင်းပါးပြိုင်ပွဲမှ ဆုရရှိသူ များကို   ဆုချီးမြှင့်ခြင်း၊   အသိ ပညာပေး Video Clip ပြသခြင်းနှင့် Physical Fitness Dance ဖြင့် ကပြဖျော်ဖြေခြင်းတို့ ဆောင်ရွက် ခဲ့ကြသည်။

 


အဆိုပါ    အခမ်းအနားသို့ သက်ဆိုင်ရာ  ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊  မြန်မာနိုင်ငံ အမျိုးသား       လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီး ကော်မတီနှင့်    တိုင်းဒေသကြီး/ပြည်နယ်  အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန် များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးကော်မတီဝင်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အစိုးရဌာနများ နှင့်    အဖွဲ့အစည်းအသီးသီးမှ  တာဝန်ရှိသူများ   စုစုပေါင်း   ၁၁၆    ဦး in person  ဖြင့်  တက်ရောက်ခဲ့ ကြသည်။                

သတင်းစဉ်