
စစ်တွေ နိုဝင်ဘာ ၂၅
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက် မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၂/၂၀၂၂) ကို ယနေ့ နေ့လယ်ပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော် မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၈) နှစ် မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြပြီဟုလည်း သိရှိရပါကြောင်း၊ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယခုအစည်း အဝေးတွင် ရှင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း၊ ဦးစီးကော်မတီများမှလည်း တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက် ပေးကြရန် မှာကြားလိုကြောင်း၊ ယခုနှစ် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ပေါ်တွင် ဌာနဆိုင်ရာများမှ ဆောင်ရွက်ခဲ့ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဖွင့်ပွဲအခမ်း အနားများ၊ ရခိုင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်း များမှ ဒေသထွက်ကုန်၊ ထုတ်ကုန်များကို ပြပွဲ ခင်းကျင်းပြသခြင်းနှင့် ဈေးရောင်းပွဲကျင်းပခြင်းတို့ကို ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများတွင် တစ်နှစ်တာကာလအတွင်း စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ထူး ဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဆောင်ရွက်ပါကပိုမိုသင့်တော် မည်ဖြစ်ကြောင်း၊ ယခင်နှစ်များကလည်း ရခိုင် ပြည်နယ်နေ့အခမ်းအနားကို အနှစ်သာရရှိရှိ ဆောင်ရွက်ခဲ့မှု သာဓကများကိုပြန်လည်သုံးသပ်ပြီး ယခုနှစ် ရခိုင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက် စွာ ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများမှ ပူးပေါင်းဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက ရှင်းလင်း တင်ပြကြပြီး (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ လျာထား ဆောင်ရွက်မည့် အစီအစဉ်(မူကြမ်း)များကို အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဆွေးနွေးတင်ပြ သည်။
တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားကြောင်း သိရသည်။
တင်ထွန်း