မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေး ကျင်းပ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်

 

ရန်ကုန်    နိုဝင်ဘာ   ၂၅


မြန်မာနိုင်ငံလက်မှတ်ရ   ပြည်သူ့ စာရင်းကိုင်များ    အသင်းနာယက မြန်မာနိုင်ငံ         စာရင်းကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး  သည်    ယနေ့   မွန်းလွဲ ၁ နာရီခွဲတွင်            ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ    စာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌     ကျင်းပ သည့်     မြန်မာနိုင်ငံ  လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ      အသင်း (Myanmar Institute of Certified Public Accountants - MICPA)၏ (၁၅) ကြိမ်မြောက်    အထွေထွေ အစည်းအဝေးသို့     တက်ရောက် သည်။
အစည်းအဝေးတွင်   မြန်မာ နိုင်ငံ       စာရင်းကောင်စီ     ဥက္ကဋ္ဌ က   နိုင်ငံတော်   ခေတ်မီဖွံ့ဖြိုး  တိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံ မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာတွင်  စာရင်းပညာ ဖွံ့ဖြိုးတိုးတက် ရေးသည် အရေးကြီးသည့် ကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း၊     နိုင်ငံ တကာအဆင့်မီသည့်    စာရင်း ပညာရှင်များ  ပေါ်ထွန်းလာရေး၊  စာရင်းပညာရှင်   အရေအတွက် တိုးတက်စေရေး၊   ကျင့်ဝတ်သိက္ခာ လိုက်နာ     စောင့်ထိန်းစေရေးနှင့် စာရင်းပညာရပ်ဆိုင်ရာ  စဉ်ဆက် မပြတ်        ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက်  မြန်မာနိုင်ငံ  စာရင်း ကောင်စီ၏   စိစစ်ကြီးကြပ်မှုဖြင့် MICPA   အသင်း၏   ဆောင်ရွက် မှုများသည်         ပုဂ္ဂလိကကဏ္ဍ အတွက် များစွာအရေးပါကြောင်း။

 


သို့ပါ၍   နိုင်ငံတကာအဆင့်မီ စာရင်းပညာရှင်     အရေအတွက် တိုးပွားစေရေးနှင့်    စာရင်းပညာ ဖွံ့ဖြိုး        တိုးတက်ရေးတို့အတွက် MICPA           အသင်းအနေဖြင့် မြန်မာနိုင်ငံ      စာရင်းကောင်စီ၏ ကြီးကြပ်မှုဖြင့်    တက်ညီလက်ညီ ကြိုးပမ်း  ဆောင်ရွက်သွားကြစေ လိုပါကြောင်း      တိုက်တွန်းပြော ကြားသည်။

 


ယင်းနောက်    အစည်းအဝေး သဘာပတိ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့       စာရင်းကိုင်များအသင်း နာယက          ဦးသိန်းမြင့်နှင့် မြန်မာနိုင်ငံလက်မှတ်ရ   ပြည်သူ့ စာရင်းကိုင်များ     အသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က    အမှာစကား ပြောကြားကြသည်။ 


ထို့နောက်           ဘုတ်အဖွဲ့၏ ၂၀၂၀-၂၀၂၁     နှင့်     ၂၀၂၁-၂၀၂၂ ခုနှစ်များအတွက်    နှစ်ပတ်လည် အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေး ရှင်းတမ်းနှင့်    စာရင်းစစ်  အစီရင် ခံစာတို့ကို           ဖတ်ကြားတင်ပြ အတည်ပြုခြင်းနှင့်    ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်   စာရင်း စစ်  ခန့်အပ်အတည်ပြုခြင်းတို့ကို  အစီအစဉ်အတိုင်း   ဆောင်ရွက်သည်။

 


အစည်းအဝေးသို့   အမြဲတမ်း အတွင်းဝန်၊    ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်နှင့်         တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရ    ပြည်သူ့ စာရင်းကိုင်များအသင်း ဘုတ်အဖွဲ့ ဝင်    ၂၀    က     လူကိုယ်တိုင် တက်ရောက်ပြီး   အသင်းဝင် ၂၂၅ ဦး က Zoom Online မှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း      သိရ သည်။                    

သတင်းစဉ်