
နေပြည်တော် နိုဝင်ဘာ ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် နိုင်ငံတော်၏ အုပ်ချုပ် ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာ ကဏ္ဍမှ သစ္စာရှိစွာဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြ သည့် မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်နှင့် နေပြည်တော်စာတိုက် ကြီးရှိ အရာထမ်း၊ အမှုထမ်းများ ကို အသိအမှတ်ပြုသောအားဖြင့် မိသားစုမိတ်ဆုံ နေ့လယ်စာ စားပွဲကို ပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန အားကစားပြိုင်ပွဲများ၌ ပိုက်ကျော် ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲ တစ်ဦးချင်းနှင့် နှစ်ယောက် တွဲ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်း များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ပြည်ထောင်စု ဝန်ကြီးက မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်း များ အဖွဲ့အစည်းစိတ်ဓာတ် ဖြင့် စည်းလုံးညီညွတ်စွာဖြင့် အားကစားပြိုင်ပွဲများတွင် အား ပေးခဲ့ကြသည့် အလေ့အထကို ထိန်းသိမ်းသွားစေလိုပါကြောင်း၊ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရ သည့်အရှုံးများ လျော့နည်းအောင်၊ ဝင်ငွေတိုးတက်ရရှိရေး နည်းလမ်း များလည်း ရှာဖွေပြီး ထပ်ဆောင်း ဝန်ဆောင်မှု (value added service) များဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနေ ကြပြီး လုပ်ငန်းများ အရှိန်အဟုန် မပြတ် ရပ်တန့်မှုမရှိစေရေး ဆောင်ရွက်ပေးနေကြသော တစ် နိုင်ငံလုံးရှိ မြန်မာ့စာတိုက် ဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ မြန်မာ့ စာတိုက်လုပ်ငန်း၏ “VISION” ဖြစ်သည့် “Myanmar Post for Everyone” “လူတိုင်းအတွက် မြန်မာ့စာတိုက်လုပ်ငန်း” ဖြစ်စေ ရေး ပြည်သူလူထုအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ဖြင့် ဝန်ထမ်းများအားလုံး အတူ တကွ ကြိုးပမ်းဆောင်ရွက်ပေး ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်အတူ လက်ရည် တစ်ပြင်တည်း မိသားစုမိတ်ဆုံ နေ့လယ်စာအား သုံးဆောင်ခဲ့ကြ ပြီး ရင်းနှီးပွင့်လင်းစွာ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်