လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်း

 

နေပြည်တော်   နိုဝင်ဘာ   ၂၅


ပြည်ထောင်စုနယ်မြေ    နေပြည် တော်အတွင်း     မဲစာရင်းပြုစုခြင်း ဆိုင်ရာ     လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့  မွန်းလွဲ  ၃ နာရီ ခွဲတွင်    နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌  ကျင်းပ သည်။

 


ရှေးဦးစွာ       နေပြည်တော် ကောင်စီဥက္ကဋ္ဌ   ဦးတင်ဦးလွင်က လွတ်လပ်၍      တရားမျှတသည့် ပါတီစုံဒီမိုကရေစီ     အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်          နိုင်ငံတော် အစိုးရအနေဖြင့်           အကောင် အထည်ဖော်     ဆောင်ရွက်လျက် ရှိရာ     မှန်ကန်သော    မဲစာရင်းရရှိ စေရေး၊   မဲစာရင်းပြုစုရေးလုပ်ငန်း များ ပိုမိုမြန်ဆန်စေရေးနှင့်  ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ   ပြည့်စုံမှန်ကန် စေရေးအတွက်        သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်း  ဆောင်ရွက်ကြရန်      လိုကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက်        နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် က        လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား          ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ     ဦးစီးမှူးရုံး အနေဖြင့်  လူဦးရေစာရင်း  မြေပြင် ကောက်ယူမည့်  အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်     တက်ရောက် လာသည့်       ဌာနဆိုင်ရာတာဝန် ရှိသူများက    မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်      ဆောင်ရွက်မည့် အစီအစဉ်များကို    ရှင်းလင်းတင်ပြ ရာ    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က    တင်ပြချက်များ နှင့်စပ်လျဉ်း၍  လိုအပ်သည်များကို မှာကြားပြီး     နိဂုံးချုပ်အမှာစကား   ပြောကြားကြောင်း သိရသည်။                   

သတင်းစဉ်