အထူးခြားဆုံးသီချင်းကတော့ မြန်မာပြည်သားသီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို ၁၉၇၀ ပြည့်နှစ်မှာ ရေးခဲ့တော့ အခုဆို နှစ် ၅၀ ကျော်ပြီ။ ကြက်သီးမွေးညင်းထတဲ့အထိ ကောင်းတဲ့သီချင်းဖြစ်ပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်    အေးချမ်းသာယာပြီး    ခေတ်မီဖွံ့ဖြိုး တိုးတက်သော    နိုင်ငံတော်တည်ဆောက်ရာတွင်    ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊   ဒို့တာဝန်အရေးသုံးပါးကို    ကာကွယ်စောင့်ရှောက်ရာတွင်    သက်စွန့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသော  ပုဂ္ဂိုလ်များ၊   နိုင်ငံတော်၏    စီးပွားရေး၊ လူမှုရေး၊    ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍတို့တွင်    ထူးခြားထက်မြက်စွာ   စွမ်းဆောင်နိုင်ခဲ့ကြ သော     ပုဂ္ဂိုလ်များ၊   နယ်ဘက်နှင့်   စစ်ဘက်ဆိုင်ရာတို့တွင်   တိုင်းကျိုးပြည်ကျိုးကို  အများနှင့်မတူအောင်    ထူးခြားစွာ     စွမ်းဆောင်နိုင်ခဲ့ကြသော   ပုဂ္ဂိုလ်များ၊  နိုင်ငံနှင့် လူမျိုးအတွက်  သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင်   ကမ္ဘာ့ အဆင့်မီ    အောင်မြင်စွာ   တီထွင်ဖန်တီးစွမ်းဆောင်နိုင်သော   ပုဂ္ဂိုလ်များ၊ စာပေနှင့်  အနုသုခုမ  ပညာရပ်များတွင်   ထူးခြားကောင်းမွန်စွာ   တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်  မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်  ကြိုးပမ်းထမ်းဆောင်ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြသော နိုင်ငံခြားခေါင်းဆောင် များ၊ နိုင်ငံခြားသံတမန်များနှင့် ပုဂ္ဂိုလ်များကို ထိုက်တန်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီဖြစ်သည်။
ထို့သို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များ၏ ဝမ်းသာပီတိစကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
ဦးဌေးအောင် 
လူမှုထူးချွန်တံဆိပ်(ပထမဆင့်)
နာယက၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ကျွန်တော်        ရရှိခဲ့တဲ့ဆုကတော့ လူမှုထူးချွန်ဆု  (ပထမဆင့်) ဖြစ်ပါတယ်။ အခုလို      နိုင်ငံတော်ကနေ   ချီးမြှင့်တဲ့ အတွက်    ကျွန်တော်တို့လို      အနုပညာ သမားတွေ   ဝမ်းသာရပါတယ်။    ၁၉၅၄ ခုနှစ်မှာ   ရုပ်ရှင်ထဲကို စရောက်ခဲ့ပါတယ်။ အခုဆိုရင်  ရုပ်ရှင်သက် ၆၈ နှစ်  ရှိပါပြီ။ အသံတိတ်ကစပြီး အသံစုံသွင်း၊ အသံ ထွက်ရိုက်ကူးတဲ့အထိ ရုပ်ရှင်နဲ့ပတ်သက် ပြီး    အများကြီးလုပ်ခဲ့ပါတယ်။     ရုပ်ရှင် ကားတစ်ကားမှာ       သရုပ်ဆောင်တွေ ကောင်းတာထက်        Photography ကောင်းဖို့၊ အသံကောင်းဖို့က  အရေးကြီး လာတော့     ကျွန်တော်ကုမ္ပဏီပိုင်ရှင် ဖြစ်လာတဲ့အခါ     ဒီတာဝန်တွေဘက်ကို ရောက်သွားပါတယ်။        အဲဒီဘက်ကို ရောက်သွားတဲ့အတွက်   သရုပ်ဆောင်တဲ့ ဘက်မှာ နည်းသွားပါတယ်။ ခေါင်းဆောင် မင်းသား၊       ဒုတိယမင်းသားအနေနဲ့ ၁၂ ကား၊   ဒါရိုက်တာက   ကိုးကား၊ တွဲဖက်က      ခြောက်ကား    ရိုက်ခဲ့ပါ တယ်။
၁၉၅၆ ခုနှစ်  မြန်မာပြည်မှာ ပထမ ဆုံး   ရွှေတိဂုံသမိုင်းကို   Cinema Scope ထွင်ခဲ့ပါတယ်။  အနုပညာနဲ့ပတ်သက်ရင် ဇာတ်လမ်းပမာ  နားဆင်စရာ ဇာတ်လမ်း တွေမှာလည်း       ဝင်လုပ်ခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းမှာ          ယဉ်ကျေးမှု တက္ကသိုလ်မှာ    ပါမောက္ခ၊     ရုပ်ရှင်နဲ့ ပြဇာတ်ဌာနမှာ   ၂၀၀၅-၂၀၀၆   ခုနှစ်မှာ လုပ်ပါတယ်။ ၂၀၀၆ ခုနှစ်ကစပြီး ဒီနေ့ အထိ ကျွန်တော်  ပါမောက္ခလုပ်တဲ့အပြင် ရန်ကုန်မြို့မှာဖွင့်တဲ့          သရုပ်ဆောင် သင်တန်း ၁၂ ခုမှာ   အလှည့်ကျလိုက်ပြီး သင်ပေးနေပါတယ်။  ကျွန်တော်  အသက် အခုဆို ၉၁ နှစ် ရှိပါပြီ။   အခုလို ဆုရတဲ့ အတွက် ဝမ်းသာပါတယ်။  နိုင်ငံတော်ကို လည်း  ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့ ကြိုးစားခဲ့သလောက် အခုလို ထိုက်ထိုက် တန်တန် ဆုရလို့ ဝမ်းသာပါတယ်။ 
ဦးမိုးဒီ
အနုပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)
ဇာတ်ပို့ဟာသ သရုပ်ဆောင်
ကျွန်တော်   ၁၄    နှစ်သားကနေ အနုပညာလောကကို          စရောက်ပြီး ကြိုးစားလာခဲ့တာ     အခုဆို     အသက် ၇၅ နှစ် ရှိပါပြီ။  ကျွန်တော်ရဲ့ အနုပညာကို အသိအမှတ်ပြုပြီး   အနုပညာထူးချွန်ဆု ရရှိခဲ့တယ်လို့    သိရပါတယ်။   မျှော်လင့် မထားခဲ့ပါဘူး။  မမျှော်လင့်ဘဲ  ရရှိသွား တဲ့သူတွေလည်း ရှိပါတယ်။ မိမိဝါသနာပါ တဲ့   အလုပ်ကိုလုပ်ရင်းနဲ့   ဒီအလုပ်ကပဲ အသက်မွေးဝမ်းကျောင်းဖြစ်ပြီး   ဒီလမ်း ပေါ်မှာ ဆက်လျှောက်ခဲ့ပါတယ်။   အပတ် တကုတ် ကြိုးစားအားထုတ်ပြီး   ပရိသတ် အတွက် ပြုံးဖို့၊ ရယ်ဖို့၊  ပျော်ဖို့ အဓိကထား ကြိုးစားလုပ်ဆောင်ခဲ့တဲ့       ကျွန်တော့် အနုပညာကို ထူးချွန်ဆုပေးတယ်ဆိုတော့ ကျွန်တော့်ရင်ထဲမှာ        ပျော်ပါတယ်။ ကျွန်တော်တို့အလုပ်နဲ့   ရည်ရွယ်ချက်က ပရိသတ်တွေ၊ လူသားတွေအားလုံး ပြုံးဖို့၊ ပျော်ဖို့၊ ရယ်မောဖို့အတွက် အမြဲကြိုးစား နေရမှာဖြစ်ပါတယ်။           နောက်ဆုံး ထွက်သက်အထိ ကြိုးစားသွားပါမယ်။ 
ဦးကိုကိုလေး (ခ) ရန်ကင်းကိုကိုလေး 
အနုပညာထူးချွန်တံဆိပ်(တတိယဆင့်)
တေးရေးပညာရှင်
ကျွန်တော့်ကို နိုင်ငံတော်က  ချီးမြှင့် တာကတော့   အနုပညာထူးချွန်တံဆိပ် (တတိယဆင့်)    ဖြစ်ပါတယ်။    ဒီဆုကို ဘာလို့ရလဲဆိုတော့ ၁၉၆၂ ခုနှစ်ကစပြီး  နိုင်ငံအကျိုးပြု    တေးသီချင်းများစွာကို ရေးသားခဲ့ပါတယ်။   အမျိုးသားအောင်ပွဲ နေ့၊ လွတ်လပ်ရေးနေ့၊  ပြည်ထောင်စုနေ့၊ အလုပ်သမားနေ့နဲ့      လယ်သမားနေ့ စတဲ့နေ့တွေရဲ့      ဂုဏ်ပြုတေးသီချင်း များစွာကို ရေးခဲ့ပါတယ်။ အဲဒီခေတ်တုန်း ကရှိခဲ့တဲ့   ရွှေဝါမြေစစ်ဆင်ရေး၊   မြစိမ်း ရောင် စစ်ဆင်ရေးစတဲ့ စစ်ဆင်ရေးတွေ ကျင်းပပြီး   တောင်သူလယ်သမားတွေရှိ တဲ့    ကျေးလက်တွေ၊    လယ်ယာတွေကို ဆင်းပြီး      ကောက်စိုက်လုပ်အားပေးနဲ့ ကောက်ရိတ်ပွဲတွေကို          ကူညီကြတဲ့ တပ်မတော်သားတွေအတွက်  အနုပညာ ရှင်တွေကို စည်းရုံးပြီး ဖျော်ဖြေရေးတွေ ကျင်းပပေးခဲ့ပါတယ်။  ကျွန်တော်ရေးခဲ့ပြီး အဆိုတော် စိမ်းမို့မို့ဆိုခဲ့တဲ့  မြစိမ်းရွှေဝါ ရောင်ဆိုတဲ့     သီချင်းက     တောင်သူ လယ်သမားတွေကို အကျိုးပြုတဲ့ သီချင်း ဖြစ်ပါတယ်။ အလုပ်သမား၊   လယ်သမား တွေကို   အကျိုးပြုတဲ့  တေးသီချင်းပေါင်း များစွာ ရေးခဲ့တဲ့အပြင် ပဒေသာကတွေပွဲ မှာ    ဇာတ်လမ်းတွေ     ရေးသားစီစဉ် တင်ဆက်ခဲ့ပါတယ်။      အဲဒီလို    စီစဉ် တင်ဆက်ပေးတဲ့            လုပ်ငန်းတွေကို နှစ်ရှည်လများ  ဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အဓိကကျတဲ့ နေ့ထူးနေ့မြတ်မှာ   အခုလို      ဂုဏ်ပြုဆုချီးမြှင့်ခံရတဲ့အတွက်   အထူး ဂုဏ်ယူမိပါတယ်။ 
ရေနံ့သာဝင်းမောင်
အနုပညာထူးချွန်တံဆိပ်(တတိယဆင့်)
တေးရေးပညာရှင်
ကျွန်တော် မြန်မာ့အသံရေဒီယိုခေတ် ၁၉၆၉-၁၉၇၀ ပြည့်နှစ်ကစပြီး  သီချင်းတွေ ကိုရေးခဲ့တာ   နှစ်   ၅၀   ကျော်ရှိပါပြီ။ ရေးခဲ့တဲ့သီချင်းတွေက          အခုချိန်ထိ ပရိသတ်ရင်ထဲမှာရှိနေကြပြီး   ပြန်လည် ဆိုနေကြတုန်းပါ။ အဲဒီထဲမှာ   အထူးခြား ဆုံးသီချင်းကတော့    မြန်မာပြည်သား သီချင်းဖြစ်ပါတယ်။  ဒီသီချင်းကို ၁၉၇၀ ပြည့်နှစ်မှာ ရေးခဲ့တော့ အခုဆို   နှစ် ၅၀ ကျော်ပြီ။    ခေတ်တွေပြောင်းလဲလာတဲ့ တိုင် ဒီသီချင်းက အံဝင်၊  ဘောင်ဝင်နေပါ သေးတယ်။ ဒီသီချင်းကို  အမြဲတမ်းသုံးနေ ကြတယ်။   သီချင်းကို  ကြားတဲ့သူတွေရဲ့ ရင်ထဲစိတ်ထဲမှာ စိတ်ဓာတ်တွေ တက်ကြွ ပြီး           ကြက်သီးမွေးညင်းထတဲ့အထိ ကောင်းတဲ့သီချင်းဖြစ်ပါတယ်။ ဒီသီချင်း ကိုရေးခဲ့တဲ့ သီချင်းရေးဆရာ တစ်ယောက် အနေနဲ့    ဘာမှအသိအမှတ်ပြုမခံရတဲ့ အတွက်   ခံစားခဲ့ရပါတယ်။   အခုတော့ အဲဒီလို    ခံစားခဲ့တာတွေ    ပြေသွားပါပြီ။ ကွယ်လွန်သွားတဲ့   ဂီတနောင်တော်ကြီး အတွက် ပိုပြီးဝမ်းသာပါတယ်။ သူတို့က တော့ သူတို့ရတယ်ဆိုတာ   မသိတော့ပေ မယ့်   ဒီခေတ်မှာ  အသိအမှတ်ပြုခံရတယ်၊ ဂုဏ်ပြုခံရတယ်ဆိုတာ      ကျွန်တော်တို့ ကျန်ခဲ့တဲ့သူက    သူတို့အတွက်   ပိုပြီး ဂုဏ်ယူရမှာပါ။ ကျွန်တော်တို့ရတာလည်း ကိုယ့်လုပ်ခဲ့တဲ့အပေါ်မှာ   ထိုက်တန်တဲ့ ဆုလို့ပဲ    ခံယူပါတယ်။   ကျေနပ်ပီတိ ဝမ်းသာဖြစ်ပါတယ်။       ကျေးဇူးတင်ပါ တယ်။
ဦးအေးမြင့်ကြူ၊ သီရိပျံချီဘွဲ့
ပြည်ထောင်စုဝန်ကြီး(ငြိမ်း) 
ယဉ်ကျေးမှုဝန်ကြီးဌာန
ဒီနှစ် ၂၀၂၂  ခုနှစ်မှာ အမျိုးသားနေ့ကို အကြောင်းပြုပြီးတော့    ၂၀၁၁   ကနေ ၂၀၂၀ အထိ     တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေအပေါ်မူတည်ပြီး   သီရိပျံချီဘွဲ့ ပေးတာဖြစ်ပါတယ်။  အဲဒီတော့  ဒီပေါ်မှာ ဘယ်လိုမျိုး ခံစားရသလဲ၊      မုဒိတာပွား သလဲဆိုတဲ့  တစ်ဆင့်ထပ်ပြီးတော့  တွေး မယ်ဆိုရင် ကိုယ်လုပ်ဆောင်ခဲ့တဲ့အပေါ် မှာ မျှော်မှန်းချက်တွေ  ဘာရမှ၊  ညာရမှ၊  ရာထူး၊    ဂုဏ်၊   ငွေ  ရမှဆိုတာ     မရှိခဲ့ပါ ဘူး။    တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ စည်းကမ်းလိုက်နာမယ်။         တာဝန် ပြီးမြောက်      အောင်မြင်မယ်ဆိုရင်တော့ နိုင်ငံတော်က  ကိုယ့်ကိုမကြည့်ဘဲ မနေပါ ဘူး။  တစ်ခုတော့ရှိတယ်  အကုန်လုံးက အဲဒီလိုမျိုး     ကြိုးစားပမ်းစားလုပ်ကြတဲ့ အချိန်မှာ   မလွဲမရှောင်သာ    ကံကြောင့် လွဲသွားတဲ့သူတွေလည်းရှိမှာပါ။
ကိုယ်ကတော့  အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခြင်း ခံရတယ် ဆိုတော့   တော်တော်ဝမ်းသာပါတယ်။ ဘာလို့လည်းဆိုတော့   မျှော်လင့်မထား ပါဘူး။   သမ္မတကြီး ဦးသိန်းစိန် အစိုးရ တုန်းက ဝဏ္ဏကျော်ထင်ဘွဲ့ရခဲ့ဖူးပါတယ်။ အခု         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက    ကိုယ်ထမ်းဆောင်ခဲ့တဲ့ အပေါ်မှာ  အသိမှတ်ပြုပေးတာကို မမျှော် လင့်ဘူးဆိုပေမယ့်လည်း   ရသွားတော့ ဝမ်းသာရပါတယ်။   ဒါကို   ရရစေတော့ ရယ်လို့မဟုတ်ဘဲ ကြိုးစားခဲ့မှုကို ချီးမြှင့် ပေးခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ကိုယ်ကိုယ်တိုင်လည်း    ဂုဏ်ယူပီတိဖြစ် ရပါတယ်။  ကိုယ့်လိုမျိုး အခြားရရှိသွားတဲ့ ချီးမြှင့်ခံရတဲ့           သူတွေအတွက်လည်း ဝမ်းသာပီတိဖြစ်ပါတယ်။     ချီးမြှင့်ခြင်း မခံရသော်လည်း        ဆက်လက်တာဝန် ထမ်းဆောင်မယ့်  နိုင်ငံသားတွေ၊ လူငယ် တွေအနေနဲ့ ရှေ့ကသူတွေရဲ့ အောင်မြင်မှု တွေ၊ အခြားသောသူတွေရဲ့  အောင်မြင်မှု တွေကို မုဒိတာထားပြီး   ကိုယ်ကိုယ်တိုင် ကြိုးစားပြီး        ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ 
ဒေါ်နုနုစိန် ၊ ဝဏ္ဏကျော်ထင်ဘွဲ့
ပါမောက္ခဌာနမှူး (ငြိမ်း)
အမျိုးသားယဉ်ကျေးမှုနှင့်  
အနုပညာတက္ကသိုလ်(ရန်ကုန်)
ကျွန်မအနေနဲ့   ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိလိမ့်မယ်လို့   မထင်ခဲ့ပါဘူး။    မျှော် လည်း မမျှော်မှန်းခဲ့ပါဘူး။ ၁၉၆၉ ခုနှစ် က စပြီးတော့    အနုပညာလမ်းကြောင်း ပေါ်မှာ  ရပ်တည်ခဲ့တာ   ယနေ့အထိပါပဲ။ ကိုယ့်အရိုး    ကိုယ်နိုင်သရွေ့   အနုပညာ လမ်းကြောင်းပေါ်မှာ      ရပ်တည်မှာပါ။ အနုပညာလမ်းကြောင်းပေါ်မှာ    မှန်မှန် ကန်ကန်         ရပ်တည်ခဲ့ပြီး     ကြိုးစား အားထုတ်ခဲ့မှုတွေကြောင့်          ဒီဆုကို နိုင်ငံတော်ကနေ ချီးမြှင့်တယ်လို့ ကျွန်မ အနေနဲ့ မှတ်ယူပါတယ်။    ဖော်မပြနိုင် လောက်အောင် ဝမ်းသာပီတိလည်း ဖြစ်ရ ပါတယ်။
၂၀၁၃  ခုနှစ်က မြန်မာနိုင်ငံမှာ SEA Game  ကြီး   အောင်မြင်စွာကျင်းပနိုင်ဖို့ ကျွန်မတို့  အဘက်ဘက်ကနေ  ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။  SEA Game   အောင်မြင်စွာ    ကျင်းပနိုင်ဖို့ အတွက်  ကျွန်မကို နိုင်ငံတော်အကြီးအကဲ တွေနဲ့   ဌာနဆိုင်ရာအကြီးအကဲတွေက တာဝန်ပေးတဲ့အခါမှာ   ကျွန်မတို့အနေနဲ့  ဖွင့်ပွဲ၊    ပိတ်ပွဲ    အကတွေကို     တီထွင် ဖန်တီးခဲ့ပါတယ်။  SEA Game အတွက် ကျွန်မတို့    အင်တိုက်အားတိုက်  နေ့ရော ညရော  ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   စစ်ဘက်ဆိုင်ရာ၊ အနုပညာပိုင်းဆိုင်ရာ ညီအစ်ကိုမောင်နှမ တွေနဲ့  ကျောင်းသားကျောင်းသူတွေရဲ့ တက်ကြွမှု၊      ဝါသနာပါမှု၊     ကြိုးစား အားထုတ်မှုတွေနဲ့  ပူးပေါင်းဆောင်ရွက်မှု တွေကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီကြိုးစားမှုရဲ့ အကျိုးရလဒ် ကို ခံစားရတယ်လို့  ကျွန်မအနေနဲ့ ယူဆ ပါတယ်။     နောင်လာမယ့်မျိုးဆက်သစ် တွေအနေနဲ့   ကျွန်မတို့လို အောင်မြင်တဲ့ ပန်းတိုင်တစ်ခုကို      ရောက်ရှိအောင် ယုံကြည်ချက်အပြည့်နဲ့   ကြိုးစားဆောင် ရွက်ကြပါ။  စေတနာ၊  မေတ္တာ၊  ဝါသနာ၊ အနစ်နာကို    ပေါင်းစုပြီး   တက်တက် ကြွကြွနဲ့ အလုပ်လုပ်မယ်ဆိုရင် ဘာမဆို အောင်မြင်မယ်လို့     ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ကတော့    လုပ်နိုင်သရွေ့ အနုပညာလမ်းကြောင်းပေါ်မှာ ဒီထက် မက စွမ်းစွမ်းတမံဖြစ်အောင်  ဆောင်ရွက် သွားပါမယ်။ ဒီထက်မက ဆောင်ရွက် စရာတွေလည်း ရှိပါသေးတယ်လို့ ပြောပါ ရစေ။ ကျေးဇူးတင်ပါတယ်။ 


သတင်းအဖွဲ့