ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာဘာတွေဆောင်ရွက်နေသလဲ ဘယ်သူတွေက နှောင့်နှေးအောင် နှောင့်ယှက်ဖန်တီးနေသလဲ

Type

 

မင်းခေါင်

 

ရခိုင်ပြည်နယ်မှ    နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး        ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်      သံတမန်ဆွေးနွေးပွဲများ ကျင်းပ၍      လည်းကောင်း၊     မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးများကျင်းပ၍     လည်း ကောင်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။
ထို့ပြင်   ရခိုင်ပြည်နယ်  တည်ငြိမ် အေးချမ်းရေးနှင့်     ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့်    ဖွံ့ဖြိုးတိုးတက်ရေး    ဗဟို ကော်မတီအပါအဝင်     ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ လေးခုဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 


နေရပ်စွန့်ခွာသူများအား
 ပြန်လည်လက်ခံရေး


၁၄-၆-၂၀၂၂ ရက်က ကျင်းပခဲ့သော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ    မြန်မာ-ဘင်္ဂလားဒေ့ရှ်     ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နေရပ် စွန့်ခွာသူများအား လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ  စိစစ်ဆောင်ရွက်နေမှု   အခြေ အနေနှင့် ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းနိုင်ရေး၊  စိစစ်ပြီး  နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ရန်အတွက် အစီအမံများပြင်ဆင် ဆောင်ရွက်နေမှုလုပ်ငန်းများ၊ ပြန်လည် ဝင်ရောက်လာသူများအား    ပြန်လည် နေရာချထားရေးအစီအမံများ၊ ပြန်လည် ဝင်ရောက်လာမည့်သူများ     မိမိဆန္ဒ အလျောက်  နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများ စသည့်ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြသည်။

 


ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအား   ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထား သော သဘောတူညီချက်များနှင့်သာမက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လက်ခံနိုင်ရေး၊ နေရပ်စွန့်ခွာ သူများအား ပြန်လည်စိစစ်ရာတွင် ဖြစ်ပေါ် လာနိုင်သည့်ကိစ္စရပ်များကို အဖြေရှာနိုင် ရန်အတွက်    ဖွဲ့စည်းထားပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ     နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက်  စိစစ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အထူးအဖွဲ့အကြား    ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ သည်။ 

 


မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင် ပြည်နယ်၌ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက်  ဆောင်ရွက်ထားရှိမှု အခြေအနေများ၊    ပြန်လည်လက်ခံရေး စခန်းများ၊ ကြားစခန်းနှင့် နေရာချထား ပေးမည့်ကျေးရွာများရှိ    နေအိမ်များကို ပြန်လည်မွမ်းမံပြင်ဆင်နေမှု အခြေအနေ များ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ အတွက်      အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက်     ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊    ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးနှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်တွင် မိတ်ဖက် နိုင်ငံများ၊      အာဆီယံနှင့်ကုလသမဂ္ဂ လက်အောက်ခံ      အဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 

 


ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ 
ဆောင်ရွက်


မြန်မာနိုင်ငံသည်  နေရပ်စွန့်ခွာသူ များအား ပြန်လည်လက်ခံရာတွင် ၁၉၉၂ ခုနှစ်၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့သည့် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများဖြစ်ရန်၊ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများ၊ မြန်မာ နိုင်ငံတွင် နေထိုင်သည့်      သက်သေ အထောက်အထားပြနိုင်သူများဖြစ်ရန် စသည့်အချက် လေးချက်အပြင် မွေးဖွား ခဲ့သူများအနေဖြင့် တရားရုံးမှထောက်ခံချက်များပါရှိရန်ဟူသည့် ၂၀၁၇ ခုနှစ်က ထပ်တိုးအချက်တစ်ချက်          အပါအဝင် ဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

 


ထိုသို့          မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ     အစိုးရတို့အကြား သဘောတူညီမှုများအရ Pilot Project အနေဖြင့် နေရပ်စွန့်ခွာသူဦးရေ ၁၀၀၀ ကျော်ကို နေရပ်သို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ ကြောင်း သိရသည်။ သို့ရာတွင် နေရပ် စွန့်ခွာသူများစာရင်းနှင့်   ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တောင်းခံရာ၌မူ နှစ်နိုင်ငံအကြား   သဘောတူညီထား သည့်ပုံစံအတိုင်း    ပေးအပ်ခြင်းမရှိဘဲ ၎င်းတို့    ပေးအပ်လိုသည့်ပုံစံဖြင့်သာ စာရင်းများ  ပေးအပ်လာသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း   သိရ သည်။    နေရပ်စွန့်ခွာသူများအနေဖြင့် လည်း    မြန်မာနိုင်ငံသို့     ပြန်လည် ဝင်ရောက်လာခဲ့ခြင်း မရှိတော့ချေ။

 


မြန်မာနိုင်ငံဘက်က  ယင်းကိစ္စရပ် အား အချိန်မရွေးပြန်လည်ဆွေးနွေးပေးရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ဆက်လက် ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

 


 “ရိုဟင်ဂျာ”ဆိုသည့်အသုံးအနှုန်း


အဓိကပြဿနာမှာ  မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း၌  မည်သည့် အခါကမျှမရှိခဲ့ဘဲ ပြည်သူများက အသိ အမှတ်မပြုသည့် “ရိုဟင်ဂျာ”ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ မြန်မာအစိုးရနှင့် ပြည်သူများသည်  “ရိုဟင်ဂျာ”ဆိုသည့်အသုံးအနှုန်းကို အသိအမှတ်မပြု၊ လက်မခံ ပါ။  ယင်းအမည်သည်  သမိုင်းအထောက် အထားများတွင်မရှိဘဲ ဥပဒေကြောင်း အရလည်း  သုံးစွဲမှုမရှိပါ။  ယင်းအမည် သုံးစွဲသူများသည် နိုင်ငံရေး   ရည်ရွယ် ချက်ဖြင့်      သုံးစွဲနေကြခြင်း    ဖြစ်  သည်။
အမေရိကန်အပါအဝင်  အနောက် နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့ကလည်း      မြန်မာနိုင်ငံအပေါ် နိုင်ငံရေးရည်ရွယ်ချက်ဖြင့်    လူ့အခွင့် အရေး၊  လူသားချင်းစာနာမှုခေါင်းစဉ် အောက်မှ သံယောင်လိုက်၍ပြောဆို၊ ထုတ်ပြန်သုံးနှုန်းလာသည်။

 


ယခုရက်ပိုင်း ၁၆-၁၁-၂၀၂၂ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့၌ ကျင်းပခဲ့သည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီအစည်းအဝေးတွင်   “မြန်မာ နိုင်ငံရှိ   ‘ရိုဟင်ဂျာ’  ဆိုသူ   မွတ်စလင် များနှင့်      အခြားလူနည်းစုများ၏   လူ့အခွင့်အရေးအခြေအနေ”     ဟု     ခေါင်းစဉ်တပ်ထားသည့်   ဆုံးဖြတ်ချက် အဆိုကို   မြန်မာနိုင်ငံ၏    တရားဝင် ကိုယ်စားလှယ်များ     ပါဝင်တက်ရောက် ခြင်းမရှိဘဲ    အတည်ပြု   ချမှတ်ခဲ့ပြန်သည်။

 


ထို့ကြောင့်    နိုင်ငံခြားရေးဝန်ကြီး ဌာနက    တစ်ဖက်သတ်စွပ်စွဲချက်များ အပေါ်   အခြေခံပြီး   နိုင်ငံရေးသဘော သက်ဝင်သည့်    နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားချမှတ်သော ယခုဆုံးဖြတ် ချက်အဆိုကို မြန်မာနိုင်ငံက ကန့်ကွက် ပယ်ချ၍  ပါဝင်ပတ်သက်မှုမရှိကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် ရက်စွဲ ဖြင့်  ထုတ်ပြန်ခဲ့သည်။

 


ကန့်ကွက်ပယ်ချကြောင်း
ထုတ်ပြန်ချက်


အဆိုပါ  ကန့်ကွက်ပယ်ချကြောင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် အကြား နှစ်နိုင်ငံအစီအစဉ်များနှင့်အညီ ရခိုင်ပြည်နယ်မှ    အမှန်တကယ်နေရပ် စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများ ကိုစိစစ်လက်ခံရန် အဆင်သင့်ရှိကြောင်း၊ အခြားနိုင်ငံများနည်းတူ နိုင်ငံသားစိစစ် ရေးလုပ်ငန်းစဉ်မှတစ်ဆင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်  ကိုက်ညီသူ များကို နိုင်ငံသားအဖြစ်  ခွင့်ပြုလျက်ရှိ ကြောင်း၊  သို့သော်  ဥပဒေအရ  လည်း ကောင်း၊ သမိုင်းမှတ်တမ်းများအရ လည်း ကောင်း မည်သည့်အခါကမျှမရှိခဲ့သော “ရိုဟင်ဂျာ”ဆိုသည့်    အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို     ထပ်လောင်းဖော်ပြ ခဲ့သည်။

 


အမှန်တကယ်အားဖြင့်လည်း ကုလ သမဂ္ဂအထွေထွေညီလာခံ      တတိယ ကော်မတီအစည်းအဝေး၏    အဆိုပါ ဆုံးဖြတ်ချက်အဆိုသည်   နေရပ်စွန့်ခွာ သူများ လုံခြုံဘေးကင်းစွာ ပြန်လာနိုင် ရေးအတွက် အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်မဟုတ်ပါ။ အဖြေမှန် တစ်ခုမဟုတ်သလို မြန်မာနိုင်ငံအတွက် လည်း      ထူးဆန်းသည့်ကိစ္စမဟုတ် တော့ပါ။

 


အခြေအမြစ်မရှိသည့် 
စွပ်စွဲချက်များ


ရခိုင်ပြည်နယ်တွင်    ၂၅-၈-၂၀၁၇ ရက်က ပေါ်ပေါက်ခဲ့သည့်   ဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်း အချို့နှင့်   နိုင်ငံအချို့က    နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်  ကြေညာချက်များ ထုတ်ပြန်လေ့ရှိသည်။   ထုတ်ပြန်သည့် အခါတိုင်း မှန်ကန်မှုမရှိ၊ တိကျမှုမရှိသည့် အချက်အလက်များ၊   အခြေအမြစ်မရှိ သည့် ထပ်တလဲလဲစွပ်စွဲချက်များ၊ မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးကိုစွက်ဖက်ခြင်း၊ ဘက်လိုက်မှုရှိခြင်း၊ တစ်ဖက်သတ်ဆန် ခြင်းများကိုသာ တွေ့ရမည်ဖြစ်သည်။

 


တကယ်တော့   ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်က စတင်ပေါ်ပေါက် ခဲ့သည့် ဖြစ်ရပ်သည် ARSA အကြမ်းဖက် အဖွဲ့က    လုံခြုံရေးစခန်း(Security Outposts) ၃၀ နှင့်  တပ်ရင်းဌာနချုပ် တစ်ခုကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်း မှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက် မှုကြောင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင်     အပြစ်မဲ့အရပ်သားများ သေဆုံးဒဏ်ရာရခဲ့သဖြင့်      လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများ၏ လုံခြုံ ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်လိုအပ်သည့်    အရေးယူတုံ့ပြန် မှုများကို   တည်ဆဲဥပဒေ   စည်းမျဉ်း စည်းကမ်းများနှင့်အညီ   ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

 


 မမှန်မကန်ချဲ့ကားမှုများရှိ


ယင်းဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံ သို့   ထွက်ခွာသူများဖြစ်ရန်   ARSA အကြမ်းဖက်သမားများက ရည်ရွယ်ချက် ရှိရှိဖြင့်   ကြိုတင်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ARSA ၏ အကြမ်းဖက်ခြိမ်းခြောက် မှုကြောင့် ထွက်ခွာခဲ့သည့်ဦးရေ ဖော်ပြ ရာတွင်လည်း    မမှန်မကန်ချဲ့ကားမှုများ ရှိခဲ့သည်။     
အမေရိကန်အပါအဝင် နိုင်ငံအချို့ နှင့်    နိုင်ငံတကာအဖွဲ့အစည်းအချို့ ကလည်း မူလဘူတ  ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ကို မျက်ကွယ်ပြုနေရုံမက ARSA အကြမ်းဖက်အဖွဲ့နှင့်     အကြမ်းဖက် လှုပ်ရှားမှုများကို        မျက်စိစုံမှိတ်၍ အိပ်ချင်ယောင်   ဆောင်နေခဲ့ကြသည်။ သို့သော်  ARSA  သည်   ပြီးခဲ့သည့် အောက်တိုဘာ   ၉  ရက်တွင်   ၎င်းတို့၏ ဖြစ်တည်မှုနှင့်   တည်ရှိမှုကို   ပေါ်ပေါ် ထင်ထင် ကိုယ်ထင်ပြလာခဲ့သည်။

 


ဘင်္ဂလားဒေ့ရှ်    နိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများနေထိုင်ရာ   ဒုက္ခ သည်   စခန်းများအတွင်း၌  ARSA အဖွဲ့၏  (၆)   နှစ်ပြည့်   နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကျင်းပခဲ့ရုံမက  အခမ်းအနားနှင့်သက်ဆိုင်သော  ဓာတ်ပုံ နှင့်  ဗီဒီယိုများကိုလည်း   လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။ အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သော (၆)  နှစ်မြောက်    နှစ်ပတ်လည်နေ့ ကျင်းပမှုကို “Happy Day”ဟု ခေါ်ဝေါ်ပြီး ကော့ခ်ဆက်ဘဇား   ဒေသတစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင်       ၎င်းတို့၏ တည်ရှိမှုကို    ARSA    အကြမ်းဖက်  လက်နက်ကိုင်အဖွဲ့က      ပထမဆုံး အကြိမ်   ပွင့်လင်းစွာ   ဖော်ပြခဲ့ခြင်းဖြစ် သည်။
အဆိုပါ   အခမ်းအနားကျင်းပသည့် ဗီဒီယိုဖိုင်များတွင်   ကော့ခ်ဆက်ဘဇား ဒုက္ခသည်စခန်းများအတွင်းရှိ  လူအများ သည် တီရှပ်များဝတ်ဆင်၍ ဆိုင်းဘုတ် များနှင့်စာတန်းများကို   ကိုင်ဆောင် ချိတ်ဆွဲကာ   “Oct. 9 is What day?   Happy Day,  Happy Day”ဟု အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။

 


အခြားဗီဒီယိုဖိုင်တစ်ခုတွင်  စားပွဲပေါ် ၌ ကိတ်မုန့်တစ်လုံးတင်ထားပြီး တီရှပ် ဆင်တူဝတ်ဆင်ထားသည့်  လူများက ဝန်းရံထားကြသည့် ဗီဒီယိုတွင် ရုပ်ပါဝင် ခြင်းမရှိသူတစ်ဦးက “အောက်တိုဘာလ ၉ ရက်နေ့သည် ARSA က မြန်မာအာဏာ ရှင်အစိုးရကို တိုက်ခိုက်နိုင်ပြီး ရိုဟင်ဂျာ ပြည်သူများကို ဖိနှိပ်မှုများမှလွတ်မြောက် စေသည့်နေ့ဖြစ်သည်”  ဟု  ပြောကြား ခဲ့သည်။ 
ARSA  အဖွဲ့ကို   ၂၀၁၃ ခုနှစ်တွင် Harakah al-Yaqin အမည်ဖြင့် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး  ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ARSA အမည် ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဓာတ်ပုံနှင့် ဗီဒီယိုများ လူမှု ကွန်ရက်စာမျက်နှာများတွင် ဖော်ပြခဲ့ပြီး နောက်   ရိုဟင်ဂျာဆိုသူ   လူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း၊ အခြားပါဝင်သူ များအားလည်း  လိုက်လံရှာဖွေလျက် ရှိကြောင်း ကြားသိရသည်။ 

 


လုံခြုံရေးအခြေအနေအရ အမည်ဖော် ပြလိုခြင်းမရှိသည့်  အူခီးရားဒုက္ခသည် စခန်းမှ ခေါင်းဆောင်တစ်ဦးက ယခုကဲ့သို့ ဖြစ်စဉ်သည်  ကော့ခ်ဆက်ဘဇားဒေသ အတွင်း၌ ARSA အဖွဲ့ဝင်များတည်ရှိမှုကိုတွေ့မြင်ရခြင်းဖြစ်ကြောင်း၊ အစောပိုင်း က ၎င်းတို့သည်    အစည်းအဝေးများကို လျှို့ဝှက်ကျင်းပကြကြောင်း၊  ယခုအခါ တွင်   ပေါ်ပေါ်ထင်ထင်ပြုလုပ်လာခြင်း ဖြစ်ပြီး ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ များတွင်   ဖော်ပြလာခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဘက်မှလည်း     အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် စခန်းများ၌ လုံခြုံရေး ပိုမိုတိုးမြှင့်ထားကြောင်း   ပြောကြားခဲ့ သည်။
ဒုက္ခသည်    စခန်းများအတွင်း၌ မြန်မာနိုင်ငံသို့  နေရပ်ပြန်လည်ပို့ဆောင် ရေးလုပ်ငန်းစဉ်ကို     လိုလားသည့် ခေါင်းဆောင်များကလည်း  ယခုကဲ့သို့ ARSA ၏ ကျင်းပမှုများသည်  ပြန်လည် ပို့ဆောင်ရေး       လုပ်ငန်းစဉ်များကို နှောင့်နှေးစေမည်ဟု စိုးရိမ်မှုဖြင့် စောဒက တက်လျက်ရှိကြောင်း ကြားသိရသည်။ 
မြန်မာအစိုးရအနေဖြင့် နေရပ်စွန့်ခွာ သူများအား နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီ ချက်များနှင့်အညီ  စနစ်တကျလက်ခံရေး ကို  နှစ်နိုင်ငံ   ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်  တို့ ပြီးခဲ့သည့်     ဩဂုတ် ၁၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့စဉ်ကလည်း  ရခိုင် ပြည်နယ်မှ      နေရပ်စွန့်ခွာသူများ   ပြန်လည်  လက်ခံရေးနှင့်ပတ်သက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီ ဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်က 
“ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသော   ဒုက္ခသည်များကို မြန်မာနိုင်ငံ၏ ဥပဒေအရ   ပြန်လည်စိစစ်လက်ခံပေးသွားမည်ဖြစ် ပြီး ဥပဒေအရ    ဆောင်ရွက်ခြင်းမရှိဘဲ   နိုင်ငံတကာမှ   တစ်ဆင့်    တောင်းဆို၍    လုပ်ဆောင်ခြင်းကို လက်ခံနိုင်ခြင်းမရှိပါ။  မိမိတို့အနေဖြင့် ဘင်္ဂါလီများကို   လုံးဝ လက်ခံနိုင်ခြင်း မရှိဟု      ပြောကြားနေခြင်း မဟုတ်ဘဲ ၎င်းတို့အနေဖြင့်   မြန်မာနိုင်ငံ တွင် တရားဝင်နေထိုင်ခဲ့သည့်     အထောက် အထားပြသနိုင်မည်ဆိုလျှင်    လက်ခံ    ပေးသွားမည်ဖြစ်ကြောင်း”     ဆွေးနွေး ပြောကြားခဲ့ပါသည်။

 


သို့ဆိုလျှင် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ   ပြန်လည်လက်ခံရေး အတွက်  မြန်မာဘာတွေဆောင်ရွက် နေသလဲ၊ ဆောင်ရွက်ခဲ့သလဲ၊ ဘယ်သူ တွေက       နိုင်ငံရေးရည်ရွယ်ချက်ဖြင့် နှောင့်နှေးအောင်     နှောင့်ယှက်ဖန်တီး နေသလဲဆိုသည်ကို     အမှန်တကယ် လူသားချင်းစာနာမှုအရ ကြည့်သောသူ မြင်နိုင်ပါ၏။          ။