
နေပြည်တော် နိုဝင်ဘာ ၂၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ပဒေသာက ပွဲကို နေပြည်တော်မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ မှ ၃၀ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကျင်းပရေးဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည် ယနေ့ နံနက်ပိုင်းတွင် လဟာပြင် ကဇာတ်ရုံ၌ စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပဒေသာ ကပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန် ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်နှင့် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်များမှ အနု ပညာရှင်များက ပဒေသာကပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ရေးအတွက် ဆောင်ရွက်ထားရှိမှု များကို ဆွေးနွေးတင်ပြကြသည်။
ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ဒုတိ ယဥက္ကဋ္ဌတို့က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးပြီး ပြဇာတ် ဇာတ်တိုက် လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။
သတင်းစဉ်