
နေပြည်တော် နိုဝင်ဘာ ၂၄
ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ် သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ်အပြည့် ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှု စနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်း ညွှန် မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန် အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit) ၊ ဖခင် သဖွယ် စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
နေ့လယ်စာသုံးဆောင်
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက် မြောက်တိုင်း စစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သက်ဆိုင်ရာ ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်းများ သို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ် ပေး၍ တက်ရောက် အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ လက်ရည်တစ်ပြင် တည်း နေ့လယ်စာသုံးဆောင် ခဲ့ကြသည်။
ထို့အတူ တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများက လည်း ၎င်းတို့၏ ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ တကွ နေ့လယ်စာသုံးဆောင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်