အင်ဒိုနီးရှားနိုင်ငံ၌ ယမန်နေ့ ငလျင်လှုပ်မှုမှ သေဆုံးသူ ၂၆၈ ဦးအထိ မြင့်တက်လာ

 

ဂျကာတာ  နိုဝင်ဘာ  ၂၂ 
အင်ဒိုနီးရှားနိုင်ငံ  အနောက်ပိုင်း ၌  ယမန်နေ့က   လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်         သေဆုံးသူ စုစုပေါင်း ၂၆၈ ဦးအထိ ရှိလာပြီး အခြား ၁၅၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင်   အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီမှ အကြီးအကဲ ဖြစ်သူ ဆူဟာရန်တိုက ပြောသည်။ 
နိုဝင်ဘာ  ၂၁  ရက်က အင်ဒို နီးရှားနိုင်ငံ    အနောက်ဂျာဗား ပြည်နယ်၌  ပြင်းအား ၅ ဒသမ ၆  အဆင့်ရှိ  ငလျင်တစ်ခုလှုပ်ခတ်မှု ကြောင့်    ထိခိုက်ဒဏ်ရာရရှိသူ ၁၀၈၃ ဦးရှိလာပြီး အခြား ၅၈၃၆၂ ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း၊    အိုးအိမ်နှင့် အခြေခံအဆောက်အအုံ ၂၁၀၀၀ ကျော်  ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း    ဆူဟာရန်တိုက ပြောသည်။
နိုဝင်ဘာ ၂၂ ရက် အစောပိုင်း တွင် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကာ   ထိခိုက်ဒဏ်ရာ ရရှိသူများကို         ဦးစားပေး ကယ်ဆယ်မှုပြုလုပ်ရန်   အာဏာ ပိုင်များကို   အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက   တောင်းဆိုထား သည်။  ထို့အပြင်  ငလျင်ကြောင့် ပျက်စီးသွားသည့်    အိုးအိမ်များ အတွက်   အင်ဒိုနီးရှား   ရူပီယာ ၁၀ သန်းမှ သန်း ၅၀အထိ အစိုးရ အနေဖြင့်   လျော်ကြေးပေးသွား မည်ဖြစ်ကြောင်းနှင့်  ဆောက် လုပ်မည့်  အိမ်အသစ်များသည် ငလျင်ဒဏ်ခံနိုင်ရည်   ရှိရမည် ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒို က ပြောသည်။ 
အဆိုပါငလျင်သည် အနောက် ဂျာဗားပြည်နယ် စီအန်ဂျာခရိုင် ၏   အနောက်တောင်ဘက် ၁၀ ကီလိုမီတာအကွာကို   ဗဟိုပြု၍ နိုဝင်ဘာ ၂၁ ရက်က ဒေသစံတော် ချိန် မွန်းလွဲ ၁ နာရီ ၂၁ မိနစ်တွင်  လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။                        ဆင်ဟွာ