
ဝါရှင်တန် နိုဝင်ဘာ ၂၂
လူမှုကွန်ရက်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် တွစ်တာသည် နောက်တစ်ကြိမ် အလုပ်ထုတ်ပယ်မှု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြလိုက်သည်။
လွန်ခဲ့သောလနှောင်းပိုင်းတွင် အီလွန်မက်ခ် တွစ်တာကိုထိန်းချုပ် လိုက်ချိန်မှစကာ လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းကျော် သို့မဟုတ် အလုပ်သမား ၅၀၀၀ နီးပါး ကုမ္ပဏီမှ ထွက်ခွာခဲ့သည်။
အရောင်းမြှင့်တင်ရေးတွင် အလုပ်လုပ်နေသော အလုပ်သမားများ သည် တနင်္ဂနွေနေ့ နှောင်းပိုင်းက နောက်ဆုံးအလုပ်လုပ်ရသည့်နေ့ဟု ဆိုသည့် အသိပေးစာတစ်စောင် လက်ခံရရှိခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဘလွန်းဘာ့ဂျ်က ဖော်ပြခဲ့သည်။ တွစ်တာကုမ္ပဏီတွင် မလိုအပ်တော့ပါဆိုပြီး မက်ဆေ့ချ်တွင် ဖော်ပြ ခဲ့သည်။
အီလွန်မက်ခ်က လွန်ခဲ့သောသီတင်းပတ်က ဝန်ထမ်းများကို စွမ်းအားမြှင့်ပြီး အလုပ်ချိန်အကြာကြီး ဆက်လုပ်မလား၊ သွားမလား ဆိုသည့် ရာဇသံပေးခဲ့သည်။ အင်န်အိတ်ချ်ကေ