
ဘားအံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးသည် ယနေ့တွင် ကရင် ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ် ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူး ဖွင့်လှစ်သည့် သက်မွေးပညာရပ် ဆိုင်ရာ ကာလတိုသင်တန်များ ဖွင့်ပွဲသို့ တက်ရောက်ပြီး စိုက်ပျိုး ရေးသိပ္ပံ (ဇွဲကပင်) ရှိ တည် ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေး လုပ်ငန်းကော်မတီက ကြီးမှူး ဖွင့်လှစ်သည့် သက်မွေးပညာရပ် ဆိုင်ရာ ကာလတို သင်တန်းများ ဖြစ်သော ဆံပင်ညှပ်သင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲများကို ယနေ့နံနက် ၈ နာရီတွင် အစိုးရ နည်းပညာ အထက်တန်းကျောင်း (ဘားအံ) နှစ်ထပ ဆောင်အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက အမှာစကားပြောကြား ပြီး ဆံပင်ညှပ်သင်တန်း တက် ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၂၀၊ အခြေခံကွန်ပျူ တာသင်တန်း တက်ရောက်နေ သော သင်တန်းသား၊ သင်တန်းသူ ၁၁ ဦးနှင့် စက်ချုပ်သင်တန်း တက်ရောက်နေသော သင်တန်း သား၊ သင်တန်းသူ ၁၀ ဦးတို့ အတွက် သင်ထောက်ကူပစ္စည်း များ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများ ကို အားပေးစကားပြောကြားကာ လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံ ရင့် သင်တန်းဆရာ ဆရာမများ က စာတွေ့လက်တွေ့သင်ကြား၊ သင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်း လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုး ရေးသိပ္ပံ(ဇွဲကပင်)တွင် မွေးမြူရေး ဒီပလိုမာသင်တန်းကျောင်း တွဲဖက် ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် အခြေခံအဆောက်အအုံများ တည် ဆောက်နေမှုနှင့် လုပ်ငန်း ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည် ထောင်စုရန်ပုံငွေ (ငွေလုံးငွေရင်း)အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက် ရှိသော ကျောင်းသား ကျောင်းသူ အိပ်ဆောင်၊ RC တစ်ထပ် လက်တွေ့ဆောင်၊ အရှည် ပေ ၃၁၆၀ အကျယ် ၁၄ ပေရှိကုန်ထုတ် လမ်းဖောက်လုပ်ခြင်း၊ Steel Structure အမျိုးအစား ဝက် မွေးမြူရေးခြံ၊ အသားတိုး ကြက် မွေးမြူရေးခြံ၊ Steel Structure အမျိုးအစား နွားမွေးမြူရေးခြံ၊ RC ခြံလုပ်သားအိမ်ရာ၊ RC အမျိုး အစား အစာဂိုဒေါင်၊ ငါးသား ဖောက်ရုံ၊ အသားတိုး ကြက်မွေးမြူ ရေးခြံ၊ RC အမျိုးအစား နှစ်ထပ် စာသင်ဆောင် တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ယူ တည် ဆောက်လျက်ရှိသော ကုမ္ပဏီများ မှ တာဝန်ရှိသူများက တည်ဆောက် ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံညွှန်းများ နှင့်အညီ အချိန်မီ တည်ဆောက်ပြီးစီးနိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်