၂ဝ၂၂ ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

 

၂ဝ၂၂ ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား
(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေး 
 

နေပြည်တော် နိုဝင်ဘာ ၂၂


၂ဝ၂၂  ခုနှစ်၊   တပ်မတော် (ကြည်း၊ ရေ၊ လေ)  အားကစားပြိုင်ပွဲ၊  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖလား (ခ) အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ် အဖြစ်  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်   ကိုယ်စားပြု ဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းတို့ ယနေ့ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌   ယှဉ်ပြိုင် ကစားကြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်   တက်ရောက်ကြည့်ရှု အားပေးသည်။

 


အဆိုပါ အားကစားပြိုင်ပွဲသို့ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊  လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊  စစ်သည်၊  မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များ၊   ပြိုင်ပွဲဝင်အားကစားသမားများနှင့်   အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု   အားပေးကြသည်။  

 


အဆိုပါ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလား(ခ)  အဆင့်  ဘောလုံးပြိုင်ပွဲ    ဗိုလ်လုပွဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်      ကိုယ်စားပြု ဘောလုံးအသင်းနှင့်  အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းတို့သည်  ဗိုလ်လုပွဲသို့  တက်ရောက်လာကြသည့်  အသင်းများဖြစ်သည် နှင့်အညီ   တစ်ဖက်နှင့်တစ်ဖက်   အကြိတ်အနယ်       အပြန်အလှန်  ဖိအားပေး   ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန် ၈၇ မိနစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် ကိုယ်စားပြုအသင်းက ဂိုးရရှိခဲ့ကာ အရှေ့တောင် တိုင်းစစ်ဌာနချုပ် အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့်  အနိုင် ရရှိခဲ့သည်။

 


အလားတူ   တပ်မတော်  (ကြည်း၊ ရေ၊  လေ) အားကစားပြိုင်ပွဲများဖြစ်သည့်  လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ  စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုအလိုက်လူသစ်တန်း ပွဲစဉ်        လက်ဝှေ့ပြိုင်ပွဲများကို   လည်းကောင်း၊ တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)၌ ဝိတ်တန်းအလိုက်  ဆီမီးဖိုင်နယ်  ပွဲစဉ်များနှင့် (က)အဆင့် တစ်ဦးချင်းကကွက်၊  (က)အဆင့် အသင်း လိုက်ကကွက်ပြိုင်ပွဲများကို လည်းကောင်း၊ မြန်မာ့ သိုင်းပြိုင်ပွဲကို      ဇေယျာသီရိအားကစားရုံ(C)၌ အတိုက်ပြိုင်ပွဲမှ  ဗန်တိုအတိုက်ပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက်ပြိုင်ပွဲ၊ ဓားနှစ် လက်အတိုက်ပြိုင်ပွဲ၊ တပ်မတော်လက်ရေးပညာစဉ် စွမ်းရည်ပြပြိုင်ပွဲများကိုလည်းကောင်း  ယှဉ်ပြိုင် ကစားကြရာ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသား စုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်  အားကစားဝါသနာရှင်များ  တက်ရောက် ကြည့်ရှု အားပေးကြပြီး တစ်ဦးချင်းဆုရရှိကြသည့် အားကစားသမားများကို   တပ်မတော်အရာရှိကြီး များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်