ဆောင်းတွင်းဝင်ရောက်လာမှုနဲ့အတူ ရာသီတုပ်ကွေးနဲ့ ကိုဗစ် - ၁၉ နှစ်ဆတိုး ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ ဂျပန်နိုင်ငံ

 

ထွန်းကျော်  

 

ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေ မြင့်တက်လာတဲ့အချိန်မှာ နောက်တစ်ဖန်    ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားမှု လှိုင်းဂယက်ရိုက်ခတ်လာမှာကို ကျွမ်းကျင်သူတွေက     စိုးရိမ်နေကြပါ တယ်။   ထို့အတူ    တစ်ချိန်တည်းမှာပဲ ရာသီတုပ်ကွေးကူးစက် ဖြစ်ပွားမှုတွေ မြင့်တက်လာပြီး  ကျန်းမာရေးစနစ်ကို ဝန်ပိစေမယ့်အရေးကိုလည်း ကျွမ်းကျင် သူတွေက စိုးရိမ်လျက်ရှိပါတယ်။

 


ရာသီတုပ်ကွေးမကြုံတွေ့ဖူးတဲ့ ဂျပန်


ရာသီတုပ်ကွေးကို    စိုးရိမ်ရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိသေးတဲ့ အကြောင်းအချက်တွေ   ရှိနေပါတယ်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉  ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ဂျပန်နိုင်ငံ ဟာ ရာသီတုပ်ကွေးကူးစက်ဖြစ်ပွားတဲ့အတွေ့အကြုံကို    မကြုံတွေ့ဖူးသေးပါ ဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ဂျပန်နိုင်ငံ ဟာ  အမျိုးမျိုးသော   ကူးစက်ရောဂါ ဆန့်ကျင်ကာကွယ်ရေး ဆောင်ရွက်ချက် တော်တော်များများ  ချမှတ်ထားလို့ပဲဖြစ် ပါတယ်။  ကူးစက်ရောဂါ  ကာကွယ်ရေး ဆောင်ရွက်ချက်တွေ     ချမှတ်ထားတဲ့ အချိန်မှာ  တစ်ဖက်ကလည်း   နယ်စပ် ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးခဲ့သလို လူမှုရေးဆိုင်ရာ  ဆောင်ရွက်ချက်တွေ ကိုလည်း     ပြန်လည်လုပ်ဆောင်လာကြ ပါတယ်။

 


ဂျပန်ကျန်းမာရေး အာဏာပိုင်တွေ က ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ် ဆေးနဲ့ ရာသီတုပ်ကွေးရောဂါ ကာကွယ် ဆေးတွေထိုးစေပြီး ကူးစက်ဖြစ်ပွားမှု နှစ်ဆဖြစ်ပွားလာမယ့်အရေးကို ကြိုတင် ကာကွယ်စေချင်ပါတယ်။ ထို့အတူ ဂျပန် အိမ်ထောင်စုတွေကို ကျန်းမာရေးဝန်ကြီး ဌာန အသိအမှတ်ပြု အန်တီဂျန်စစ်ဆေး ရေးကိရိယာများနဲ့ အဖျားပျောက်ဆေး တွေ   ဆောင်ထားဖို့လည်း  တိုက်တွန်း ထားပါတယ်။ အကယ်၍ နေမကောင်း ဖြစ်ခဲ့မယ်ဆိုရင်လည်း     ကျန်းမာရေး ဆိုင်ရာ  အကြံပေးအစီအစဉ်တွေယူဖို့ လည်း တိုက်တွန်းထားပါတယ်။

 


အိုမီခရွန်မျိုးကွဲအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးကို ဂျပန်နိုင်ငံမှာ စက်တင်ဘာလ ကတည်းက       ရရှိနေပြီဖြစ်ပါတယ်။ သို့သော်လည်း    အဲဒီကာကွယ်ဆေးကို နိုဝင်ဘာ ၁၀ ရက်အထိ  ဂျပန်ပြည်သူ ရှစ်ရာခိုင်နှုန်းသာ ထိုးရသေးပါတယ်။ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် ကို   ဂျပန်အာဏာပိုင်တွေက   ဒီထက် များစေချင်ပါတယ်။
ကမ္ဘာ့တောင်ဘက်ခြမ်း    ဆောင်း ရာသီ ကာလမှာ သြစတြေးလျနိုင်ငံဟာ ပထမဆုံး ရာသီတုပ်ကွေးကူးစက်ဖြစ်ပွား မှုကို   ကောင်းကောင်း  အတွေ့အကြုံ ရထားပါတယ်။ ရာသီတုပ်ကွေး ကူးစက် ဖြစ်ပွားမှုတွေဟာ ကပ်ရောဂါကြိုတင် ကာကွယ်ရေးအဆင့်   သတ်မှတ်ချက်နဲ့ တူနေပါတယ်။ ရာသီတုပ်ကွေးကူးစက် ဖြစ်ပွားမှုဟာ   ဇွန်လမှာတော့   အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ 
ဒီလိုမျိုးအလားတူ ဖြစ်ရပ်မျိုး ဂျပန် နိုင်ငံမှာ     ဖြစ်ပွားမှာကို     ကျန်းမာရေး အာဏာပိုင်တွေက       စိုးရိမ်လျက်ရှိ ပါတယ်။ ဂျပန်နိုင်ငံမှာ ရာသီတုပ်ကွေးကူးစက်ဖြစ်ပွားမှုနဲ့ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေပေါင်းပြီး ရောဂါကူးစက် ဖြစ်ပွားမှုတွေ   နှစ်ဆမြင့်တက်လာပြီး ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေနဲ့ ဝန်ဆောင်မှုတွေအပေါ် ဝန်ပိလာမှာကို အရာရှိတွေက     စိုးရိမ်နေကြတာဖြစ် ပါတယ်။ သို့သော်လည်း  ဂျပန်နိုင်ငံမှာ လူမှုဆက်ဆံရေး အခြေအနေတွေဟာ အရင်ကလို ပြန်မရောက်သေးတဲ့အတွက် အဲဒီစိုးရိမ်မှုအတွက်တော့  အနည်းငယ် စိတ်အေးသွားရပါတယ်။

 


သေဆုံးတဲ့အထိ ကြောက်စရာကောင်း 


ကိုရိုနာဗိုင်းရပ်စ် ကျွမ်းကျင်ပညာရှင် အစိုးရအဖွဲ့ရဲ့    အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တိုဟိုတက္ကသိုလ်ပါမောက္ခ      တာတီဒါ ကာဇူဟီရိုက  နိုင်ငံရပ်ခြား   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အလားအလာကိုလည်း ထည့်သွင်းစဉ်းစားဖို့  အရေးကြီးကြောင်း သတိပေး     ပြောကြားထားပါတယ်။ သို့သော်လည်း ရာသီတုပ်ကွေးအတွေ့ အကြုံရှိထားတဲ့     နိုင်ငံနဲ့ဒေသတွေမှာ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းကဲ့သို့သော အခြေခံကူးစက်ရောဂါ ကာကွယ် ရေး    ဆောင်ရွက်ချက်တွေကို   ရပ်ဆိုင်း ထားတယ်လို့  ကာဇူဟီရိုက ပြောကြား လိုက်ပါတယ်။
ဗြိတိန်ဆေးပညာ      ဂျာနယ်တစ်ခု ဖြစ်တဲ့      သည်လန်းဆက်     ဂျာနယ်မှာ မတ်လက ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ရာသီတုပ်ကွေးကူးစက်     ဖြစ်ပွားခြင်း နဲ့    ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားခြင်း တစ်ပြိုင်နက်ဖြစ်ပွားပါက အပြင်းအထန် နေမကောင်းဖြစ်စေပြီး အသက်သေဆုံး စေသည်အထိ   ကြောက်စရာကောင်း ကြောင်း ဖော်ပြထားပါတယ်။ အီဒင်ဘာ့ဂျ် တက္ကသိုလ်နဲ့ တခြားအင်စတီကျူးရှင်း တွေရဲ့     အဖွဲ့အစည်းတွေ    ဦးဆောင် ပြုလုပ်ထားတဲ့     အဲဒီသုသေတနမှာ ရာသီတုပ်ကွေးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ပြိုင်တည်း     ဖြစ်ပွားသူ    ၂၀၀  ကို စမ်းသပ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 


အသက်သေဆုံးမှုပိုဖြစ်စေ 


ကိုဗစ်-၁၉   ကပ်ရောဂါနဲ့    ရာသီ တုပ်ကွေးကူးစက်ရောဂါ တစ်ပြိုင်နက် တည်း   ဖြစ်ပွားတဲ့သူတွေဟာ သာမန် အခြေအနေထက်    ပိုပြီးကြောက်စရာ ကောင်းတဲ့    အပြင်းအထန်ဖျားနာခြင်း ဖြစ်ပွားသလို   အသက်ရှူလမ်းကြောင်း ဆိုင်ရာ    အကူအညီကိုလည်း  သာမန် အခြေအနေထက် ၄ ဒသမ ၁၄ ဆ ပိုမို လိုအပ်တာကို တွေ့ရှိရပါတယ်။ ထို့အတူ သေဆုံးနိုင်ခြေကလည်း ၂ ဒသမ ၃၅ ဆ ပိုမြင့်လာပါတယ်။ 
ဂျပန်နိုင်ငံမှာရှိတဲ့    နာဂါဆာကီ တက္ကသိုလ်ကလည်း     လွန်ခဲ့တဲ့နှစ်က လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ လေ့လာမှုမှာ ကိုဗစ်-၁၉ နဲ့ တုပ်ကွေးပိုး တစ်ပြိုင်နက်ထည့်ထားတဲ့ အစမ်းသပ်ခံ ဟမ်းစတားတွေဟာ သာမန်အခြေအနေ ထက် အဆုတ်ရောင်ရမ်းမှု ပိုမိုပြင်းထန် လာပြီး  ပြန်လည်ကောင်းမွန်တဲ့နေရာမှာ လည်း  နှောင့်နှေးကြန့်ကြာမှုတွေ အများ ကြီး ကြုံတွေ့ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့်မို့  ဂျပန်အာဏာပိုင်တွေ ဟာ  ဒီလိုမျိုး   နှစ်မျိုးလုံးတစ်ပြိုင်နက် တည်းဖြစ်မယ့် အခြေအနေမျိုးကို ကြိုးစား ပြီးတော့    ရှောင်လွဲချင်နေကြပါတယ်။ ဒီလိုမျိုးသာ   တစ်ပြိုင်နက်တည်းဖြစ်ခဲ့ မယ်ဆိုရင် ဒီအခြေအနေကကြောက်စရာ ကောင်းပြီး ဂျပန်နိုင်ငံရဲ့ ဆေးဘက်ဆိုင် ရာ အင်စတီကျူးရှင်းတွေကို သေချာ ပေါက် ဝန်ပိစေမှာဖြစ်ပါတယ်။

 


တစ်ပြိုင်နက်မကူးအောင် သတိထား


ဒါကြောင့်မို့   အသက်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေအနေနဲ့ လည်ချောင်း နာခြင်းနဲ့   ဖျားနာခြင်းလိုမျိုး ရောဂါ အခြေအနေတွေကို ခံစားလာရပြီဆိုရင် ဆေးခန်းကို  လာရောက်ဖို့ တိုက်တွန်း ထားပါတယ်။    အကယ်၍   သူတို့မှာ မိသားစုဆရာဝန်ရှိတယ်ဆိုပါကလည်း မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်တယ်လို့ အကြံပြုထားပါတယ်။ သို့မဟုတ်ပါက လည်း  ကျန်းမာရေးအရေးပေါ်  ကော စင်တာကိုလည်း   ဖုန်းဆက်ပြီး  အကြံ ဉာဏ်တောင်းနိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက      အသိပေးထား ပါတယ်။     ထို့အတူ    ကိုယ့်ကိုယ်ကိုယ် သံသယရှိပါကလည်း အိမ်မှာ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ အကယ်၍   ရောဂါကူးစက်ဖြစ်ပွားနေ ပါကလည်း     ကျန်းမာရေးဌာနတွေမှာ မှတ်တမ်းတင်ဖို့ လိုအပ်ပါတယ်။ ရောဂါ အခြေအနေက ပြင်းထန်ခဲ့မယ်ဆိုပါက ဆေးကုသမှုခံယူဖို့တောင်     လိုအပ်မှာ ဖြစ်ပါတယ်။ 
ဒါကြောင့် အခုလိုမျိုးဆောင်းရာသီဝင်ရောက်လာချိန်မှာ   ကိုဗစ်-၁၉   နဲ့ ရာသီတုပ်ကွေးရောဂါ    တစ်ပြိုင်နက် မကူးစက်အောင် သတိထားဖို့လိုအပ်လှ ပါတယ်။ အကယ်၍ ကူးစက်ခဲ့ပါကလည်း နောက်မကျစေဘဲ ကျန်းမာရေးဌာနတွေ မှာ ဆေးကုမှု ခံယူသင့်ပါကြောင်း။ 
ကိုးကား - အင်န်အိတ်ချ်ကေ