လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အီသီယိုပီးယား ပိုမိုလိုအပ်နေ

 

အဒစ္စအဘာဘာ နိုဝင်ဘာ ၁၉


အီသီယိုပီးယားနိုင်ငံသည်  ပဋိ ပက္ခများ၊ ပြင်းထန်သော မိုးခေါင် ရေရှားမှုများနှင့်    ရောဂါဘယ ဖြစ်ပွားမှုများကြောင့် လူသားချင်း စာနာထောက်ထားမှု    ဆိုင်ရာ အကူအညီ      ပိုမိုလိုအပ်မှုများ နှင့်      ဆက်လက်ရင်ဆိုင်နေရ ကြောင်း   ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့    (ယူအင်န်အက်ဖ် ပီအေ) က နိုဝင်ဘာ ၁၈ ရက်တွင် ပြောသည်။

 


အီသီယိုပီးယား      နိုင်ငံ၌  လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ  အကူအညီလိုအပ်သူ သန်း ၂၀ ခန့်ရှိပြီး  နိုင်ငံတွင်း၌ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၂ ဒသမ ၇ သန်းကျော်ရှိကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုကြောင့်    နိုင်ငံ မြောက်ပိုင်း အေဖာ၊ အမ်ဟာရာ၊ တီဂရေးဒေသတစ်ဝန်း   အိုးအိမ် စွန့်ခွာ        ထွက်ပြေးနေရသူ ကိုးသန်းကျော်   ရှိကြောင်းနှင့် နိုင်ငံတောင်ပိုင်း၌ ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကို ပြည်သူ သန်းပေါင်းများစွာ ခံစားနေကြရ ကြောင်း ယူအင်န်အက်ဖ်ပီအေက ပြောသည်။ 


ထို့ပြင်      ဆိုမာလီယာနှင့် အိုယိုမီယာဒေသများ၌  ကာလ ဝမ်းရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ကာလဝမ်း ရောဂါဖြစ်ပွားသူ   ၂၇၃   ဦးရှိ သေဆုံးကာ     ကိုးဦး     သေဆုံး ကြောင်း သိရသည်။    

ဆင်ဟွာ