အရှေ့တောင်အာရှခရီးစဉ်သည် ဂျပန်နိုင်ငံကို ကာကွယ်ရန်အရေးကြီးသည့် ခြေလှမ်းဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောကြား

 

ဘန်ကောက် နိုဝင်ဘာ ၁၉


နိုင်ငံတကာအခြေအနေ ပိုမိုဆိုးရွားနေသည့်ကြားတွင် အရှေ့တောင် အာရှခရီးစဉ်သည်   ဂျပန်နိုင်ငံကို   ကာကွယ်ရန်   အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း     ခရီးစဉ်      ရှစ်ရက်မြောက်ဖြစ်သည့် နိုဝင်ဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက သတင်းထောက်များကို ပြောကြားသည်။ 

 


ပြီးခဲ့သည့်   သီတင်းပတ်ကို  ကြည့်ခြင်းအားဖြင့်  နိုင်ငံရေးတွင် အရေးကြီးဆုံး တာဝန်ကိုအောင်မြင်ရန်၊ ဂျပန်နိုင်ငံကို ကာကွယ်ရန်နှင့် ပြည်သူများကို လုံခြုံစေရန်  လုပ်ဆောင်ခြင်းသည် အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

 


ဂျပန်ဝန်ကြီးချုပ်   ကီရှီဒါသည်  သုံးနှစ်အတွင်း  တရုတ်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ မဖြေရှင်းနိုင်သည့် ပြဿနာများစွာရှိသော်လည်း ၎င်းတို့ နှင့် အပြုသဘောဆောင်သည့်အမြင်များဖလှယ်ကြကြောင်း သိရ သည်။ လွတ်လပ်၍ပွင့်လင်းသော အင်ဒို - ပစိဖိတ်ဒေသကို မြှင့်တင် ရန်၊   စီးပွားရေး၊   မိမိနိုင်ငံ၏လုံခြုံရေးနှင့်   သာယာဝပြောရေးကို အထောက်အကူဖြစ်စေမည့်     ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဦးဆောင်မှုကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။                  

အင်န်အိတ်ချ်ကေ