ဘီယာ မရှိလျှင်လည်း ကမ္ဘာ့ဖလားပရိသတ်များရှင်သန်နိုင်သည်ဟု ဖီဖာ အကြီးအကဲပြော

 

ဒိုဟာ    နိုဝင်ဘာ   ၁၉


ကမ္ဘာ့ဖလားဘောလုံးပရိသတ်များသည် ဘီယာမသောက်ရဘဲ တစ်နေ့လျှင် သုံးနာရီနေနိုင်ကြောင်း ဖီဖာ အကြီးအကဲဖြစ်သူ ဂီယန်နီအင်ဖန်တီနို က နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။ ဘောလုံးကစားကွင်း အနီးတစ်ဝိုက်တွင် ဘီယာရောင်းချခြင်းကို ပိတ်ပင်လိုက်ပြီးနောက် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ 

 


၎င်းအနေဖြင့်တွေးတောလျှင်      တစ်နေ့လျှင် သုံးနာရီမျှ    ဘီယာမသောက်ဘဲနေရလျှင်လည်း နေနိုင်ကြောင်း  ဒိုဟာမြို့ရှိ   သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ ကာတာနိုင်ငံရှိ ဘောလုံး ကွင်း    ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင်   ဘီယာ ရောင်းချခြင်းကိုနိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ ဖလား အကြီးအကဲများက ပိတ်ပင်ခဲ့သည်။ ကာတာနိုင်ငံ သည် အရက်ကိုပိတ်ပင်ထားသည့် နိုင်ငံဖြစ်သော် လည်း ယခုလို နောက်ကျမှ ဆုံးဖြတ်ချက်ချခဲ့သည့် အတွက် ပွဲစီစဉ်သူများကို ပရိသတ်များက  အမျက် ထွက်ခဲ့ကြသည်။  

 


ကမ္ဘာ့ဖလားပွဲကျင်းပမည့်     ကာတာနိုင်ငံရှိ အားကစားရုံကြီး ရှစ်ရုံစလုံးတွင်  ဘီယာရောင်းချ မည် မဟုတ်ဟု ဖီဖာက ပြောသည်။ ယခုလိုအံ့အားသင့်ဖွယ်ဆုံးဖြတ်ချက်နှင့်   ပတ်သက်၍   မည်သည့် အကြောင်းပြချက်မျှ        မပေးထားသော်လည်း ကာတာတော်ဝင်မိသားစု၏ ကြားဝင်ဆုံးဖြတ်ချက် ပါဝင်လိမ့်မည်ဟု မီဒီယာများတွင် ဖော်ပြထားကြ သည်။ 

အေအက်ဖ်ပီ