ဂျပန်နှင့် အမေရိကန်တို့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်

 

တိုကျို   နိုဝင်ဘာ    ၁၉


ဂျပန်လေကြောင်းရန်    ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့နှင့်     အမေ ရိကန်လေတပ်တို့     ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးတွင် နိုဝင်ဘာ ၁၉ ရက်က ပူးတွဲစစ်ရေး လေ့ကျင့်မှု     ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 
ကျူရှူး    အနောက်မြောက် ဘက်    စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံမှ   အက်ဖ်-၂  တိုက် လေယာဉ် ငါးစင်းနှင့် အမေရိကန် နိုင်ငံမှ   ဘီ - ၁ ဗုံးကြဲလေယာဉ် နှစ်စင်း ပါဝင်ခဲ့ကြောင်း ဝန်ကြီး ဌာန    တာဝန်ရှိသူများက   ပြော  သည်။     အမေရိကန်     ဗုံးကြဲ လေယာဉ်များနှင့်အတူ    ဂျပန် တိုက်လေယာဉ်များ    ပျံသန်းနေ သည့်     ဓာတ်ပုံများကို    အဆိုပါ ဝန်ကြီးဌာနက      ထုတ်ပြန်ခဲ့ သည်။ 

 


အဆိုပါ စစ်ရေးလေ့ကျင့်မှုက ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ကြား ခိုင်မာသည့် သဘောထားကို ပြသကြောင်း ဖြစ်သည်ဟု သိရ သည်။    ဂျပန်လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့နှင့်     အမေ ရိကန် လေတပ်တို့သည် နိုဝင်ဘာ ၁၈ ရက်ကလည်း စစ်ရေးလေ့ကျင့် မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။          

                            
အင်န်အိတ်ချ်ကေ