ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Sanit Petersburg ရှိ Nuclear technology information center ၊ Peter the Great St. Petersburg Polytechnic University နှင့် Hermitage Museum တို့ကို သွားရောက်လေ့လာ

 

နေပြည်တော်  နိုဝင်ဘာ   ၁၉


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက် ရှိနေသည့်   သိပ္ပံနှင့်  နည်းပညာ ဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့်  မြန်မာကိုယ်စား လှယ်အဖွဲ့သည်  တာဝန်ရှိသူများ နှင့်အတူ   နိုဝင်ဘာ  ၁၈  ရက် နံနက်ပိုင်းတွင်   Sanit   Petersburg  ရှိ   Nuclear  technology information    center  သို့ သွားရောက်လေ့လာကြသည်။

 


ဦးစွာ          မြန်မာနိုင်ငံ၌ နျူကလီးယားပညာကို ငြိမ်းချမ်း သော  ရည်ရွယ်ချက်ဖြင့် အသုံးပြု နိုင်ရေးနှင့်ပတ်သက်၍ ပြည်သူ လူထု  ယုံကြည်စိတ်ချ  လက်ခံ နားလည်   သဘောပေါက်သိမြင် လာနိုင်စေရေးအတွက်  ရန်ကုန် မြို့၌   Nuclear   Technology Information   Center  တည် ထောင်ဖွင့်လှစ်ရန်         ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊         နိုင်ငံပိုင်  အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM  နှင့်   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်     သိပ္ပံ နှင့်   နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်ကို   လက်မှတ်ရေးထိုး ကြသည်။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်   ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  နျူကလီးယား        နည်းပညာ ပြန်ကြားရေးဌာနသို့    ရောက်ရှိ ကြရာ    ညွှန်ကြားရေးမှူးချုပ် ယာနစ်ချင်ကာက        ကြိုဆို နှုတ်ဆက်ပြီး   အစည်းဝေးခန်းမ တွင်   Nuclear   Technology Information Center မှ ပြည်သူ လူထုအတွက်    အသိပညာပေး ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။

 


ထို့နောက်   မြန်မာကိုယ်စား လှယ်အဖွဲ့သည် Nuclear technology   information  center အတွင်း ပြသထားသည့် ပုံစံငယ် များ၊ Virtual Reality digital နည်းပညာဖြင့် ခင်းကျင်းပြသမှု များ၊ စွမ်းအင်များကို အကျိုးရှိရှိ ထိရောက်စွာ  ထုတ်လုပ်မှုများ၊ Nuclear နည်းပညာ၏ လူသားနှင့် ပတ်ဝန်းကျင်အပေါ်     မထိခိုက် စေဘဲ အကျိုးပြုမှုများနှင့် သတင်း အချက်အလက်များကို လှည့်လည် ကြည့်ရှုလေ့လာကြရာ    တာဝန် ရှိသူများက အသေးစိတ် လိုက်လံ ရှင်းလင်းပြသကြသည်။

 


ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည်  Peter the Great St.   Petersburg  Polytechnic University  သို့   ရောက်ရှိကြရာ ပါမောက္ခချုပ်        ရုဒ်စကွိုင် အန်ဒရယ်အိက ကြိုဆိုနှုတ်ဆက် ပြီး     အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို        သင်တန်းများ၊ ကျွမ်းကျင်မှု     လက်ဆင့်ကမ်း သင်တန်းများ၊ ဘွဲ့လွန်သင်တန်း များ၊  Student  exchangeနှင့် faculty exchange အစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက္ကသိုလ်အတွင်း သင်ကြား   သင်ယူနေမှုများနှင့် လက်တွေ့  ဆောင်ရွက်နေမှုများ၊ သုတေသန     စီမံကိန်းများကို လှည့်လည်ကြည့်ရှုကာသိရှိလိုသည် များ   မေးမြန်းကြရာ တာဝန်ရှိသူ များက    အသေးစိတ်ပြန်လည် ရှင်းလင်း  ဖြေကြားကြသည်။ 

 


အဆိုပါ      တက္ကသိုလ်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ ကျော် ခန့်က   စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ   တက္ကသိုလ် တစ်ခုဖြစ်ကာ         နိုဗယ်ဆုရ သိပ္ပံပညာရှင်များ  မွေးထုတ်ပေး နိုင်သည့်         တက္ကသိုလ်တစ်ခု ဖြစ်သည့်အပြင်      နိုင်ငံတကာ အဆင့်မီ  ကျွမ်းကျင်မှုပြည့်ဝသည့် သိပ္ပံနှင့်   နည်းပညာနယ်ပယ်စုံ အသိပညာရှင်/ အတတ်ပညာရှင် နှင့်    အင်ဂျင်နီယာများကို  ပြုစု ပျိုးထောင်ပေးနေသည့် တက္ကသိုလ် ဖြစ်သည်။

 


ထို့နောက်   မြန်မာကိုယ်စား လှယ်အဖွဲ့သည်      Hermitage Museum အတွင်း ခင်းကျင်းပြသ ထားသည့်   သမိုင်းဝင်အနုပညာ လက်ရာ       အမွေအနှစ်များနှင့် မှတ်တမ်းများကို   ကဏ္ဍအလိုက် ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများကို လိုက်လံကြည့်ရှု လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်