ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကချင်ပြည်နယ် ပူတာအိုဒေသ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   နိုဝင်ဘာ  ၁၉


နယ်စပ်ရေးရာ      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင် သည်  ကချင်ပြည်နယ်  လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး အောင်ကြည်လင်းနှင့် တာဝန် ရှိသူများနှင့်အတူ   နိုဝင်ဘာ  ၁၇ ရက် နံနက်ပိုင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်   နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ဖြင့်   ဆောင်ရွက်လျက်ရှိသည့် ပူတာအိုမြို့နယ်        ဇီအွန်-လန်းတောင်-နောင်ခိုင် ကျေးရွာ ချင်းဆက်   ကျောက်ချောလမ်း အရှည် ၁ မိုင် ၇ ဖာလုံ ဖောက်လုပ် နေမှုလုပ်ငန်းခွင်သို့   ရောက်ရှိပြီး ဇီအွန်မှ မူလာရှီးဒီသို့ ကျောက်ချော လမ်း     ဆက်လက်ဖောက်လုပ် နိုင်ရေး   စိစစ်တင်ပြရန်    တာဝန် ရှိသူများကို            မှာကြား၍ လမ်းတစ်လျှောက်       ကြည့်ရှု စစ်ဆေးသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မချမ်းဘော့ မြို့နယ်နှင့်   ခေါင်လန်ဖူးမြို့နယ် များမှ        နေရပ်စွန့်ခွာခဲ့သည့် အိမ်‌ထောင်စု ၇၆ စုကို ပြန်လည် နေရာချထားပေးသည့် ပူတာအို မြို့နယ်     ဇီဒန်း(၂)ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူ ကျေးရွာ သားများနှင့်  တွေ့ဆုံ၍  နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်‌ရာ  ကိစ္စ ရပ်များကို ရှင်းလင်းပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။   ယင်းနောက် ကျေးရွာအတွင်း     လှည့်လည် ကြည့်ရှု၍   ကျေးရွာဖွံ့ဖြိုး‌ရေး အတွက် လိုအပ်သည့် ကိစ္စရပ်များ ကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  ပူတာအို ဒေသ၏       ထွက်ကုန်များကို အဆင်ပြေချောမွေ့စွာ    သယ်ယူ ပို့ဆောင်နိုင်ရန်နှင့်       ဒေသခံ တိုင်းရင်းသား   ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ ရန်  ရည်ရွယ်၍  နယ်စပ်ရေးရာ ဝန်ကြီးဌာန၊     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်  အစိုးရအဖွဲ့တို့ ပူးပေါင်းတာဝန်ယူ  ဖောက်လုပ် လျက်ရှိသည့်  ၂၅  မိုင် အရှည်ရှိ ပူတာအို       လွင်ပြင်ပတ်လမ်း တစ်လျှောက် လမ်း/တံတားများ ဖောက်လုပ်   ဆောင်ရွက်နေမှုကို မော်တော်ယာဉ်ဖြင့်  လှည့်လည် ကြည့်ရှုစစ်ဆေးကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်    အပြီးသတ် ဖောက်လုပ်နိုင်ရေးအတွက် လိုအပ် ချက်များကို   ပေါင်းစပ်ညှိနှိုင်း ဆောင်‌ရွက်သွားရန်   တာဝန်ရှိသူ များအား မှာကြားသည်။

 


ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်း တွင် ပူတာအိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ မတ်ပန်ကွင်း မိုးစပါး ဆင်းဧကရီ-၃ (RS-CS) မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိ ၍ ဒေသတွင်း စားနပ်ရိက္ခာဖူလုံ စေရန်အတွက်  နွေ၊ မိုး၊ ဆောင်း သီးထပ်စိုက်ပျိုးနိုင်ရေး   နယ်စပ် ရေးရာဝန်ကြီးဌာနမှ      ဆိုလာ ရေတင်စနစ်ဖြင့်   စိုက်ပျိုးရေရရှိ ရေး ဆောင်ရွက်ပေးမည့် အစီအမံ များကို       တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း မှာကြားသည်။

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့ စိန့်အန်ထော်နီ     ကက်သလစ် ဘုရားကျောင်းရှိ         ပရဟိတ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြား ခဲ့ပြီး စားနပ်ရိက္ခာများ ထောက်ပံ့ ပေးအပ်သည်။

 


ထို့နောက် ပူတာအိုမြို့ ဟိုခို (ပရဟိတ) ဇေယျသိဒ္ဓိကျောင်းနှင့် ဖန်ခိုင် (ပရဟိတ) ဘုန်းတော်ကြီး သင်   ပညာရေးကျောင်းများသို့ သွားရောက်၍  ဆရာတော်များ အား  ဖူးမြော်ကာ  ကျောင်းသား ကျောင်းသူများ၏   စားသောက် နေထိုင်ရေး     လိုအပ်ချက်များကို လျှောက်ထားမေးမြန်းခဲ့ပြီး စားနပ် ရိက္ခာများ ထောက်ပံ့လှူဒါန်းသည်။

 


မွန်းလွဲပိုင်းတွင် ပြည်‌ထောင်စု ဝန်ကြီးနှင့်   အဖွဲ့သည်  နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်‌‌‌ ရေးဝန်ကြီးဌာနနှင့်       ကချင် ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း ၍   တာဝန်ယူဖောက်လုပ်လျက် ရှိသည့်   အထက်  ဆန်ခေါင် - လုံနဒမ်း  -  ဇီယာဒမ်းမှတစ်ဆင့် ဖုန်ကန်ရာဇီ    ရေခဲတောင်သွား လမ်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက  ခရီးသွား လုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၏    လူမှုစီးပွားဘဝ ဖွံ့ဖြိုး   တိုးတက်‌စေရေးအတွက် ရည်ရွယ်        ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင်  အပြီးသတ်ဖောက် လုပ်နိုင်ရေး        ခွဲဝေတာဝန်ယူ ဆောင်ရွက်သွားရန်   မှာကြား၍ လမ်း/တံတားများ   ဖောက်လုပ် ဆောင်ရွက်နေမှုကို        ကြည့်ရှု စစ်ဆေးသည်။

 


ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် အမျိုး သမီး       အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း (ပူတာအို)၌      ဝန်ထမ်းများ၊ ကျောင်းသား    ကျောင်းသူများ၊ သင်တန်းသူများနှင့်   တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ကျောင်း ဝတ်စုံ၊  စာရေးကိရိယာ၊  ဗလာ စာအုပ်နှင့် အားကစားပစ္စည်းများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု   စစ်ဆေးခဲ့ သည်။  ထို့နောက်  နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို) ၌  ဝန်ထမ်းများ၊   ကျောင်းသား ကျောင်းသူများ၊ သင်တန်းသူများ နှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်၍ ရင်းနှီးနွေးထွေးစွာ  နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း  သိရသည်။                

သတင်းစဉ်