
တိုကျို နိုဝင်ဘာ ၁၈
ဂျပန်နိုင်ငံရှိ အလုပ်သမား သုံးဦး အနက် တစ်ဦးမှာ အဓိကအလုပ် အပြင် ဘေးပန်းအလုပ်တစ်ခုရှိ ကြောင်း သို့မဟုတ် အရင်ကရှိခဲ့ ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့ သော စစ်တမ်းတစ်ခုတွင် ဖော်ပြ လိုက်သည်။ အလုပ်သမား ထက်ဝက်ကျော်မှာ ကုန်ကျစရိတ် ကာမိရန် အပိုဝင်ငွေရအောင် ယခုလို အလုပ်လုပ်ရခြင်းဖြစ် ကြောင်း ပြောကြားသည်။
အဆိုပါစစ်တမ်းတွင် အလုပ် သမားပေါင်း ၁၀၀၀ ခန့် ပါဝင် ဖြေဆိုခဲ့ကြသည်။
၎င်းတို့အနက် ၂၀ ရာခိုင်နှုန်း မှာ အဓိကအလုပ်တစ်ခုအပြင် ဒုတိယ အလုပ်တစ်ခုရှိကြောင်း ဖော်ပြခဲ့ပြီး ၁၄ ရာခိုင်နှုန်းမှာ အရင်ကရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဂျပန် ကုမ္ပဏီများသည် အလုပ်သမားများကို ဘေးပန်း အလုပ်မလုပ်ရန် တားမြစ်ထား သော်လည်း ယခုနှစ်များအတွင်း အဆိုပါသဘောထားမှာ ပြောင်းလဲ လာလျက်ရှိသည်။
စစ်တမ်း ပါဝင်ခဲ့သူများက ၎င်းတို့သည် အရောင်းစာရေး သို့မဟုတ် အတိုင်ပင်ခံများအဖြစ် တခြားကုမ္ပဏီများတွင် အလုပ် လုပ်လျက်ရှိစဉ် တစ်ဖက်တွင် လည်း အွန်လိုင်းတွင် ထုတ်ကုန် များ ရောင်းချကြောင်း ဖြေဆို သည်။
အင်န်အိတ်ချ်ကေ