
ဘဂ္ဂဒက် နိုဝင်ဘာ ၁၈
အီရတ်နိုင်ငံ မြောက်ပိုင်း၌ လောင်စာကန် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီးနောက် အဆောက်အအုံပြိုကျ မှုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ် ကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ရှာဖွေ ကယ်ဆယ်မှုများကို အဆုံးသတ်လိုက်ပြီဟု နိုဝင်ဘာ ၁၈ ရက်တွင် အာဏာပိုင်များက ပြောသည်။ သေဆုံးသူစာရင်းကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဟာဗယ် အဘူ ဘာကာ က နိုဝင်ဘာ ၁၇ ရက်တွင်ကြေညာခဲ့ပြီး အီရတ် နိုင်ငံ၏ ဒုတိယအကြီးဆုံးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကာဒစ် စတန် ဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြည်နယ်အတွင်း ဝမ်းနည်း ကြေကွဲခြင်းနေ့အဖြစ် ကြေညာခဲ့ သည်။
သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်သည်။ အပျက်အစီးများ အောက်တွင် နောက်ထပ်အလောင်း များ တွေ့ရှိရခြင်းမရှိတော့ဟု အဘူဘာကာ ကပြောသည်။
နေအိမ်ကို အပူပေးရန် အတွက် အသုံးပြုသည့် ရေနံ ဓာတ်ငွေ့ရည်ကန် ယိုစိမ့်မှုကြောင့် သုံးထပ်အဆောက်အအုံ ပြိုကျ ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင် များကပြောသည်။ အောက်တိုဘာ လနှောင်းပိုင်းကလည်း ဘဂ္ဂဒက် မြို့တွင် လောင်စာတင်ကား ပေါက်ကွဲမှုကြောင့် ကိုးဦးထက် မနည်းသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကလည်း ဘဂ္ဂဒက်ဆေးရုံရှိ အောက်ဆီဂျင်ဆလင်ဒါ သိုလောင် ခန်းပေါက်ကွဲမှုကြောင့် ၈၀ ကျော် သေဆုံးခဲ့ရသည်။
အေအက်ဖ်ပီ