အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် ဒုံးပျံပစ်လွှတ်

 

နယူးဒေလီ   နိုဝင်ဘာ   ၁၈


ဗစ်ခရမ် -အက်စ်ဟု    အမည်ပေး ထားသည့်  အိန္ဒိယနိုင်ငံ၏ ပထမ ဆုံးသော   ပုဂ္ဂလိကပိုင်    တည် ဆောက်ထားသော          ဒုံးပျံကို  နိုဝင်ဘာ ၁၈ ရက်တွင် ပစ်လွှတ်ခဲ့ သည်ဟု      အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်းမှ အရာရှိ များက ပြောသည်။  

 


အဆိုပါ  ဒုံးပျံကို  အာကာသ နည်းပညာကုမ္ပဏီကြီး             ဖြစ် သည့်    စကိုင်းရုဒ်     အဲရိုစပေ့မှ အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး အိန္ဒိယအာကာသ       လုပ်ငန်း၏ ဖခင်ကြီးဖြစ်သည့်       ဗစ်ခရမ် ဆယ်ရာဘိုင်က  အမည်ပေးထား ခြင်းလည်းဖြစ်သည်။       ဒုံးပျံ ပစ်လွှတ်ခြင်းကို  ဒေသစံတော်ချိန် ၁၁ နာရီ မိနစ် ၃၀ တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး    အိန္ဒိယတောင်ပိုင်း ပြည်နယ်      အန်ဒရာ   ပရာဒေ့ရှ် ပြည်နယ်    ဆရီဟာရီကိုတာကျွန်း မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ 

 


အိန္ဒိယနိုင်ငံ၏     အာကာသ လုပ်ငန်းတွင်    ပုဂ္ဂလိက  ကဏ္ဍ လည်း   ပါဝင်လာနိုင်မှုကို    ပြသ သည့်     သဘောလည်းဖြစ်သည်။

 


အိန္ဒိယနိုင်ငံ၏အာကာသလုပ်ငန်း ကို တစ်ချိန်က    အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်း    (အိုင် အက်စ် အာအို ) က   ကြီးစိုးထား သည်။ 

 


၂၀၂၀   ပြည့်နှစ်တွင်   အစိုးရ သည်       အာကာသလုပ်ငန်းတွင် ပုဂ္ဂလိက    လုပ်ငန်းရှင်များလည်း ပါဝင်နိုင်အောင်    လမ်းဖွင့်ပေးခဲ့ သည်။  

          
 ဆင်ဟွာ