
တောင်ကြီး နိုဝင်ဘာ ၁၈
တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရှမ်းပြည် နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တို့သည် ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီး ဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေး မှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။
ကြိုးစားဆောင်ရွက်
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများ အနေဖြင့် ငွေစာရင်းဆိုင်ရာကိစ္စ ရပ်များသည် အလွန်အရေးကြီးပြီး ကျွမ်းကျင်စွာ တတ်မြောက်ထားရ မည်ဖြစ်ကာ စာရင်းစစ် စစ်ဆေးခံ နိုင်ရန်အတွက်လည်း ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသ များတွင် စီမံကိန်းမြေယာများ အသုံးပြုရန် လျှောက်ထားလာ သည့် ကိစ္စရပ်များနှင့် ပတ်သက် ၍ တိုင်းရင်းသားဒေသများတွင် အကျိုးသက်ရောက်မှု ရှိ/မရှိ၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု ရှိ/မရှိကို ဌာန မှ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေး ပြီးမှ သဘောထားမှတ်ချက် ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ် ပြီး ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်း သားရေးရာ ကိစ္စရပ်များကို အားသွန်ခွန်စိုက် ကြိုးစားဆောင် ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော ဘဏ္ဍာရန်ပုံငွေ များကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက် မတိုင်မီအတွင်း ကျရောက်မည့် တိုင်းရင်းသားများ၏ နေ့ထူး နေ့မြတ်များအတွက် သုံးစွဲသွား မည်ဖြစ်၍ စာရင်းများပြုစုပေးစေလိုပါကြောင်း၊ တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနဘက်ကလည်း ရှမ်း ပြည်နယ် (မြောက်ပိုင်း) တွင် တိုင်းရင်းသား အခွင့်အရေးများ ဆိုင်ရာ အသိပညာပေးဟောပြော ခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်းကောက် ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာအစား အစာ၊ ယဉ်ကျေးမှု၊ အနုပညာဆိုင် ရာများနှင့် ပတ်သက်ပြီး ပြပွဲ များ ကျင်းပနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်တွင် ထည့်သွင်း လျာထားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ညှိနှိုင်းပေါင်းစပ်ပေး
ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်