ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ New Starlight Construction Co.,Ltd. မှ Laptop ကွန်ပျူတာများ ပေးအပ်လှူဒါန်း

 

နေပြည်တော် နိုဝင်ဘာ ၁၈


ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    ရှေ့ လုပ်ငန်းစဉ်(၅)ရပ်အနက်လုပ်ငန်း စဉ်  (၁) နှင့်အညီ   မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင်     လုပ် ဆောင်သင့် လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆောင်ရွက် ခဲ့ပြီး လုပ်ငန်းစဉ်(၅)အရ အရေး ပေါ်ကာလဆိုင်ရာ   ပြဋ္ဌာန်းချက် များနှင့်အညီ   ဆောင်ရွက်ပြီးစီး ပါက    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ် ပြီးတရားမျှတသော  ပါတီစုံဒီမို ကရေစီ   အထွေထွေရွေးကောက် ပွဲ    ကျင်းပပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့    ဆောင်ရွက်ရာတွင် အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေး အထောက် အကူဖြစ်စေရန် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ  ဆောင်ရွက်ရန် အတွက် New Starlight Constr-uction Co.,Ltd. မှ ငွေကျပ်သိန်း ၁၂၅၀  တန်ဖိုးရှိသော  Laptop ကွန်ပျူတာအလုံးရေ ၅၀  ပေးအပ် လှူဒါန်းပွဲကို   ယနေ့     နံနက် ၁၀  နာရီက   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် New Star-light Consturction Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 


အခမ်းအနားတွင် New Star-light  Construction  Co.,Ltd. ဥက္ကဋ္ဌ     ဦးကျော်ကျော်ဝင်းက Laptop      ကွန်ပျူတာများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးထံ ပေးအပ် လှူဒါန်းပြီး  ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား     ပြောကြား ကြောင်း  သိရသည်။


သတင်းစဉ်