
နေပြည်တော် နိုဝင်ဘာ ၁၈
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအား (ဒုတိယအကြိမ်)ပညာသင်စရိတ်၊ စာရေးကိရိယာ နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက တပ်မတော်သားမိသားစုဝင် မူလတန်း၊ အလယ် တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ပထမနှစ်ဝက် အတွင်း အဆင့်(A)ဖြင့် အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများ အား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
သတင်းစဉ်