နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှပါရဂူဘွဲ့သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ပေးမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
ကြေညာချက်


၁။    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊   အဆင့်မြင့်သိပ္ပံနှင့်   နည်းပညာဦးစီးဌာနရှိ  နည်းပညာတက္ကသိုလ်များနှင့်   ကွန်ပျူတာတက္ကသိုလ် များတွင်  ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်  ဒုတိယနှစ်မှ  ပါရဂူဘွဲ့သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းကို (၃၀-၁၁-၂၀၂၂)  ရက်အထိ (စနေနေ့နှင့်  တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 

၂။    ကျောင်းအပ်လက်ခံခြင်းကို နောက်ဆုံးရက်ဖြစ်သော (၃၀-၁၁-၂၀၂၂) ရက်နေ့ ကျော်လွန်၍ လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်း ကြေညာအပ်ပါသည်။                                                                                                      

 အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန