
ပုဂံ နိုဝင်ဘာ ၁၇
ညောင်ဦးမြို့နယ် ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက်၌ တည်ထားသည့် မဟာဆန္ဒပြည့် အောင်တော်မူသိမ်ဘုရားကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်က အစဉ်အလာမပျက် ကျင်းပသည်။
နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် ပုဂံမြို့ရှိ အလှူရှင်များနှင့် ရပ်ကွက်နေပြည်သူများက မဟာဆန္ဒပြည့်အောင်တော်မူ သိမ်ဘုရားကြီး ကို ဦးခိုက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ မြင်းကပါကျေးရွာမှ ဝတ်ရွတ် အသင်းက ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်း များ ဆောင်ရွက်ပြီး နိုဝင်ဘာ ၁၅ ရက်က ပုဂံမြို့ ဓမ္မသိင်္ဂီဝတ်အသင်းက ပရိတ်၊ ပဌာန်း ရွတ်ဖတ်ပူဇော်၍ အလှူရှင်များက ပင့်သံဃာ တော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကာ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အဖြစ် သံဃာတော်များအား ဝတ္ထုငွေ၊ ဆွမ်း၊ ဆေးအစရှိသည့် ဆွမ်းသပိတ် လုံးများကိုလည်း လောင်းလှူပူဇော်ခဲ့သည်။
မဟာဆန္ဒပြည့်အောင်တော်မူ သိမ်ဘုရား ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် နှင့် ၈ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိပြီး ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သည့် နှစ်များတွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှ တစ်ဖန်ပြန်လည်၍ အစဉ်အလာမပျက် ကျင်းပ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)